မြန်မာ ဟာသများ ( Comedy Collection )

မေးထဲရောက်လာသော ဟာသများ စုစည်းမူ

တစ်ခါက တောသားတစ်ယောက်ဟာ မြို့တက်လာတယ်။ သူဟာ မြို့က အဆောက်အဦအမြင့်ကြီးတွေကို ကြည့်ပြီး အထပ်ပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ ရေတွက်နေလေရဲ့။ အဲဒီမှာ မြို့သား လူလည် တစ်ယောက်ရောက်ချလာပြီး.... ....

( မြို့သား)။ ။ “ဒီမှာ၊ ဒီမှာ၊ ကျွန်တော်တို့မြို့မှာ အဆောက်အဦးတွေကို ဒီလို ရေတွက်ချင်တိုင်း ရေတွက်လို့မရဘူးဗျ။ အထပ် တစ်ထပ်ကို 100 နှုန်းနဲ့ ရေရတယ်။ အခု ခင်ဗျား ရေထားတာ ဘယ်နှစ်ထပ် ရေ ပြီးပြီလဲ”။

(တောသား) ။ ။ “သြော်၊ ကျွန်တော် 10 ထပ်ပဲ ရေရပါသေးတယ်”။....

( မြို့သား)။ ။ “ဒါဆို ကျွန်တော့်ကို 1000 ပေး။ ခင်ဗျားကို ကျွန်တော် ရေတွက်ခွင့် လက်မှတ်ပေးခဲ့မယ်။ ဒါနဲ့ တောသားဟာ မြို့သားကို ပိုက်ဆံ 1000 ပေးလိုက်ပြီး သူတွေးနေတာက

“ သြော်၊ မြို့သားများ လည်တယ် လည်တယ်နဲ့ ငါနဲ့တွေ့တော့ ခံလိုက်ရတာပဲ။ ဟီးဟီးဟီး................ .. ငါကဖြင့် ၁၅ ထပ် လောက်တောင် ရေပြီးပြီ ” တဲ့။
:)

0 comments:

Post a Comment

ရုပ်ပြ ဟာသ

ဟာသများ

ဟာသစုစည်းမူ

ကျွှန်တော့ မိတ်ဆွေတွေ ဝေမျှသွားတာတွေကို စုစည်းတင်ပြခြင်းသာ ဖြစ်ပါတယ် . ...
ကိုယ်ပိုင်ရေးသားခြင်းမျိုး မဟုတ်ပါ...
အားလုံးသော စာဖတ်သူများအား ပျော်ရွှင်စေခြင်းသာ ရည်ညွှန်းပါသည်

ရုပ်ပြ ဟာသများ