မြန်မာ ဟာသများ ( Comedy Collection )

မေးထဲရောက်လာသော ဟာသများ စုစည်းမူ


တခါက သန်းရွှေသည် နောက်လိုက်များနှင့် အစည်းအဝေးအတွက် နေပြည်တော်မှ ခရီးထွက်ကြသည်။

လမ်းတွင် မတော်တဆ ယာဉ်တိုက်မူ ဖြစ်ပြီး အားလုံး ဆေးရုံသို့ ရောက်သွားကြသည်။

သန်းရွှေ၏ သတင်းကို မေးမြန်းစုံစမ်းရန်အတွက် သတင်းထောက်များ လာရောက်ပြီး ဆရာဝန်အား မေးမြန်းခဲ့ကြသည်။

သတင်းထောက်....ဆရာ...ဆရာ..ဗိုလ်သန်းရွှေ အခြေအနေ ဘယ်လိုလဲ

ဆရာဝန်..........အင်း...အခြေအနေ မကောင်းဘူး

သတင်းထောက်......သူ့ရဲ့ နောက်လိုက်တွေကော

ဆရာဝန်........သူတို့လဲ အခြေအနေ မကောင်းဘူး

သတင်းထောက်......ဒါဆို ဘယ်သူအခြေအနေ ကောင်းလဲ ဆရာ

ဆရာဝန်........ငါတို့တိုင်းပြည် အခြေအနေ ကောင်းပြီ

ရုပ်အရမ်းဆင်တဲ့ အမွှာညီအစ်ကိုနှစ်ဦးရှိတယ်။
အစ်ကိုဖြစ်သူမှာ လှေအိုတစ်စီးရှိပြီး ညီဖြစ်သူမှာ ရောဂါထူတဲ့ မိန်းမတစ်ဦးရှိတယ်။

တစ်နှစ်မှာ ညီအစ်ကိုနှစ်ဦးစလုံး ကံမကောင်းခဲ့ဘူး။
အစ်ကိုရဲ့ လှေမြှုပ်သွားခဲ့သလို ညီရဲ့မိန်းမလည်း ဆုံးခဲ့ရတယ်။

တစ်နေ့မှာ အစ်ကိုဖြစ်သူက လမ်းမှာ မိတ်ဆွေတစ်ဦးနဲ့ဆုံခဲ့တယ်။
မိတ်ဆွေက သူ့ကို "ညီ"လို့ထင်မှတ်ပြီး "ကျွန်တော် စိတ်မကောင်းဘူးဗျာ" (မိန်းမဆုံးသွားတာကို ရည်ညွှန်းပြီးပြောတာ ဖြစ်တယ်)

ဒါကို အစ်ကိုက သူ့လှေမြှုပ်သွားတာကို ပြောတယ်ထင်ပြီး "ဟုတ်တယ်ဗျာ.. ကျွန်တော်အစတည်းက သိတယ်။
သူက ရှေ့ကွဲတဲ့အပြင် နောက်မှာလည်း အပေါက်တစ်ပေါက်ပါသေးတယ်။

အပေါက်ကနေ ရေတွေပန်းပန်းထုတ်တာ အဆိုးဆုံးပဲ။
ဟိုတစ်လောက သူငယ်ချင်းတစ်ယောက် အကြာကြီး ငှားသွားသေးတယ်။ ဒါကြောင့်ခုလို ဖြစ်သွားရတာ"

တရားသူကြီးက သက်သေထွက်ဆိုမယ့်သူကို မှာတယ်။

"တရားရုံးမှာ စစ်ဆေးမေးမြန်းတဲ့အချိန် မလိမ်ညာရဘူး။ ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်တာကိုပဲ ပြောရမယ်။ တစ်ခြားလူပြောတာကို မပြောရဘူး။ နားလည်လား!"

"ဟုတ်ကဲ့.. နားလည်ပါတယ်"

"ကောင်းပြီ... မောင်ရင်ရဲ့ မွေးနေ့နဲ့ မွေးဖွားရာဇာတိကို အရင်ပြောပါ"

"တရားသူကြီးမင်း.. ဒါကို ကျွန်တော်ပြောလို့မဖြစ်ဘူး။ အဲဒီတွေကို ကျွန်တော့်အမေကတစ်ဆင့် ကျွန်တော်သိခဲ့ရတာမို့ပါ"

လမိုက်ည တစ်ညမှာ သူခိုးတစ်ယောက် ဘဏ်တစ်ခုထဲဝင်ပြီး ပစ္စည်းခိုးဖို့ ကြံရွယ်ခဲ့တယ်။

သူခိုးက ဘဏ်ထဲမှာရှိတဲ့ အာမခံသေတ္တာတွေကို တစ်ခုပြီးတစ်ခု ဖွင့်ကြည့်ခဲ့တယ်။

ပထမသေတ္တာကို ဖွင့်ကြည့်တော့ ဘာအဖိုးတန်ပစ္စည်းမှာ မတွေ့ဘဲ ဂျယ်လီထုပ်တွေပဲ တွေ့ခဲ့တယ်။

နောက်သေတ္တာတစ်ခုကို ဖွင့်ကြည့်တော့လည်း ဘာမှမတွေ့ဘဲ ဂျယ်လီထုပ်ပဲတွေ့ခဲ့တယ်။

သူခိုးကစိတ်တိုပြီး ဂျယ်လီထုပ်တွေကို စားပစ်လိုက်တယ်။

နောက်တစ်နေ့မနက်မှာ သူခိုးက အိပ်ရာစောစောထပြီး ညက သူလုပ်ခဲ့တဲ့ လုပ်ရပ်ကိုသိချင်လို့ သတင်းစာတစ်စောင် ဝယ်ဖတ်လိုက်တယ်။

သတင်းစာရဲ့ခေါင်းကြီးပိုင်းမှာ စာလုံးကြီးနဲ့ ရေးထားတာကိုဖတ်ပြီး သူခိုးမေ့လဲသွားခဲ့တယ်။

သတင်းစာပေါ် ရေးထားတာက...

"ရူးသွပ်နေသော သူခိုးတစ်ယောက် သုတ်လှူဘဏ်တစ်ခုကို ညက ဝင်ရောက်ခိုးခဲ့သည်"

ဆရာဝန်တစ်ဦးက စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းစားဖို့ ရောက်လာခဲ့တယ်။ ဟင်းမှာနေတုန်း မထင်မှတ်ဘဲ စားပွဲထိုး တင်ပါးကုတ်နေတာကို တွေ့လို့ မေးလိုက်တယ်။

"လိပ်ခေါင်းရှိသလား!"

ဆရာဝန်စကားကို စားပွဲထိုးပြန်ဖြေလိုက်တာက "ဆောရီး.. menu ထဲမှာရှိတဲ့ဟင်းပဲ မှာပါ" ဟူတည်း။

တခါက သန်းရွှေသည် မိမိ၏ နာမည်နှင့် ဂုဏ်ကို မြှင့်တင်ချင်သည့်အတွက် ကိုယ့်ပုံကို တံဆိပ်ခေါင်းအဖြင့် ထုတ်ဝေခဲ့သည်။
ထုတ်ဝေပြီး တလအကြာတွင် ရောင်းအားကောင်းမကောင်း ရန်ကုန်စာတိုက်ကြီးသို့ ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့သည်။

သန်းရွှေ..... ငါ့ပုံနဲ့ တံဆိပ်ခေါင်း ရောင်းအား ကောင်းလားဟေ့

စာတိုက်မှုး......ကောင်းပါတယ်......ဒါပေမယ့် တံဆိပ်ခေါင်းကော် သိပ်မကပ်ဘူးလို့ ပြောကြတယ်။

သန်းရွှေ......မဖြစ်နိုင်တာ

ကိုယ်တိုင် တံဆိပ်ခေါင်း တခုကို ယူပြီး နောက်ကျောကို တံထွေး ထွေးကာ စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။

သန်းရွှေ.......ကပ်တာမှ မြဲနေတာပဲ

စာတိုက်မှုး.......သူတို့က တံထွေးကို တံဆိပ်ခေါင်းရှေ့ ထွေးကြလို့ပါ။

တခါက သန်းရွှေသည် ညအချိန်တွင် တယောက်တည်း အပြင်ထွက်မိရာ လမ်းတွင် လုယုက်သူနှင့် တိုးသည်။

လုယက်သူ.......ပါသမျှ ပိုက်ဆံ အကုန်ထုတ်

သန်းရွှေ.....ငါဘယ်သူလဲ သိလား...ငါဟာ ဒီတိုင်းပြည်ရဲ့ အကြီးအကဲကွ

လုယက်သူ.......ဒါဆို ယူထားသမျှတွေ အကုန်ပြန်ပေး

နာမည်ကျော် တက္ကသိုလ်ပါမောက္ခကြီးတစ်ဦးဟာ သူ့ရဲ့ သုတေသနလုပ်ငန်းတစ်ခုအတွက် တပည့်တစ်ချို့နဲ့အတူ ကျေးရွာတစ်ရွာကို လေ့လာရေးခရီးထွက်ခဲ့သတဲ့။
ရွာရဲ့စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ လူနေမှုဘဝတွေကို ပါမောက္ခကြီးဟာ စနစ်တကျ လေ့လာတယ်။ မှတ်သားတယ်။ မေးမြန်းတယ်။

တစ်နေ့မှာတော့.....

မွေးမြူရေးသမားတစ်ဦးနဲ့ ဆွေးနွေးနေစဉ်မှာ မွေးမြူရေးသမားက သူမွေးထားတဲ့ နို့စားနွားမတွေ လွှတ်ကျောင်းထားတာကို ကြည့်ပြီး...

ဟို စာဥဆိုတဲ့ ကောင်မ ဘယ်သွားဦးမှာလဲ?

တိမ်ပြာဆိုတဲ့ ဟာမကလည်း ဟိုဘက်ခြံစည်းရိုးတိုင်ကို သွားပွတ်နေပြန်ပြီ

ဟဲ့ ဖြူ မြက်ကောင်းကောင်းမစားဘဲ ဘာဖြစ်လို့ တခြားကောင်မတွေကို လိုက်ဝှေ့နေတာလ

စသည်ဖြင့် လှမ်းလှမ်းပြီး မြည်တွန်တောက်တီးနေတယ်။

ပါမောက္ခက လယ်သမားကို အံ့သြတကြီး ကြည့်ပြီး....

"ခင်ဗျားက ခင်ဗျားနွားမတွေအားလုံး နာမည်မှတ်မိတာပဲလား" လို့ မေးလိုက်တယ်။

"မှတ်မိတာပေါ့ ဆရာကြီးရယ်။ သူတို့နာမည်မှတ်မိမှ သူတို့ကို ထိန်းရလွယ်တာ"

"တော်တယ်ဗျာ၊ ကျုပ်ကတော့ ကျုပ်တပည့်မတွေ နာမည်ကို မမှတ်မိပါဘူး"

ဒီအခါမှာ မွေးမြူရေးသမားရဲ့ ဇနီးက ဝင်ပြောတယ်။ သူမရဲ့ ပြောစကားကြောင့် ပါမောက္ခကြီးရဲ့ ဘေးက ကျောင်းသားတွေ ပြုံးစိစိ ဖြစ်သွားကြသတဲ့။

မိန်းမကြီး ပြောတာက ဒီလိုလေ...

"ဆရာကြီးက ဘယ်မှတ်မိမလဲ၊ ကျွှန်မယောက်ျားလို တစ်နေ့နှစ်ကြိမ် နို့မှ မညှစ်ရဘဲ"

ဝေဒနာသည်တစ်ဦးက ကုတင်ပေါ်မှာ ပက်လက်လဲပြီး သီချင်းဆိုနေခဲ့တယ်။

သီချင်းဆိုရင်းဆိုရင်း ပက်လက်လှန်ဆိုနေရာက ရုတ်တရက် မှောက်ရက်လဲပြီး ဆက်ဆိုပြန်တယ်။

ဒါကို ဆရာဝန်က မြင်တော့

ခင်ဗျား ဘာဖြစ်လို့ ဟိုလှန်ဒီလှန် လုပ်နေရတာလဲ" လို့ မေးလိုက်တယ်။

သူပြန်ဖြေလိုက်တာက

ခင်ဗျား သိပ်တုံးတာပဲ? အေဆိုက်ကုန်လို့ ဘီဆိုက်လှန်လိုက်တာပေါ

ဆရာဝန်က စိတ္တဇဝေဒနာသည်တွေ စိတ်အခြေအနေ တိုးတက်မှု ရှိမရှိ စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့တယ်။ ဆရာဝန်က နံရံတစ်ခုပေါ် တံခါးပေါက်ပုံဆွဲပြီး လူနာတွေကို

ဒီတံခါးပေါက် ဖွင့်နိုင်တဲ့သူကို ဒီအခန်းက လွတ်ပေးမယ်" လို့ ပြောပြီး စမ်းသပ်လိုက်တယ်။

ဆရာဝန်စကားကြားတာနဲ့ ရှိသမျှ လူတွေအားလုံး တံခါးပေါက်ကို ပြေးဖွင့်ကြတယ်။

ဒါပေမယ့် လူတစ်ယောက်က နေရာမှာတင် ထိုင်နေခဲ့လို့ ဆရာဝန်က သူ့စိတ်တိုးတက်မှုရှိပြီ ထင်ပြီး မေးလိုက်တယ်။

"ခင်ဗျား ဘာဖြစ်လို့ သူတို့လို တံခါးသွားမဖွင့်တာလဲ"

လူနာက ဆရာဝန်ကို တစ်ချက်စိုက်ကြည့်ပြီး ဖြေလိုက်ပါတယ်။

"အဲဒီတံခါးသော့က ကျွန်တော့်ဆီမှာဗျ..."

တစ်နေ့မှာ ရုတ်တရက် မိုးရွာချလာလို့ စိတ္တဇဝေဒနာသည်တွေအားလုံး အင်္ကျီ၊ ဇလုံတွေ ယူပြီး မိုးရေဆင်းချိုးကြတယ်။ ဒါပေမယ့် လူတစ်ယောက်က ရေမဆင်းချိုးဘဲ ဝရန်တာမှာ ရန်နေတာတွေ့လို့ ဆရာဝန်က

"ခင်ဗျားဘာဖြစ်လို့ သူတို့နဲ့အတူ ရေမဆင်းချိုးတာလဲ" လို့ မေးလိုက်တယ်။

လူနာပြန်ဖြေလိုက်တာက...

"ကျွန်တော် ရေနွေးတဲ့အထိ စောင့်နေတာပါ" ဟူတည်း။

ဝတ်ချင်သလို ၀တ်နေကြတဲ့ခေတ်ပဲ၊ ဟိုကလာနေတာ အင်္ကျင်္ီအကြား၊

ဆံပင်ဖားလျား၊ဘောင်းဘီတို နံ့နံ့ နဲ့ အထီးလား၊ အမလားတောင် ခွဲလို့မရဘူး။

အဲ့ဒါ... ငါ့သမီးပါ။

အော်... ခွင့်လွှတ်နော်။ ဦးလေးသမီးမှန်း မသိလို့ပြောမိတာပါ။

ဟကောင်ရ... ငါက သူ့အမေကွဲ့။

မင်းတို့ဆိုင်က ကြက်ဥတွေ သေးလှချည်လား၊ ခပ်ကြီးကြီးလေးလုပ်စမ်းပါ။

ဒါကတော့ ကျွန်တော်တို့ ဥတာမဟုတ်လို့၊ ကြက်မကို သွားပြောပါ ခင်ဗျာ။

ကျွန်တော် ခရီးပန်းလာလို့၊ ဒီမှာတစ်ညလောက် တည်းခွင့်ပြုပါဗျာ။

ဟင့်အင်း... အိမ်မှာ လူမရှိဘူးရှင့်။

ခင်ဗျားက လူမဟုတ်ဘူးလား။

ကျွန်မ ဆိုလိုတာက ယောကျာ်းသား မရှိတာကို ပြောတာပါ။

ကျွန်တော်က ယောကျာ်း မဟုတ်လို့လားဗျာ။

သူငယ်ချင်း၊ ဘာတွေ အလိုမကျ ဖြစ်ပြီး မျက်နှာရှုံမဲ့နေရတာလဲ။

ငါ့ညီလေကွာ ၊ ဆိပ်ကမ်းမှာ အလုပ်သမားဝင်လုပ်နေတယ်လို့ သတင်းကြားတယ်။

ဒါများဗျာ၊ အလုပ်လုပ်တာပဲဟာကို ၀မ်းသာရမှာပေါ့ ။

ဘယ်ဟုတ်မလဲဗျ ၊ ဒီကောင့်ကြောင့် ကျုပ်တို့တမျိုးလုံး အပြောခံရမှာ။

ကျုပ်တို့ အမျိုးထဲမှာ ဘယ်သူမှ အလုပ်လုပ်စားတာ မရှိဘူး။

ငါ့သား မင်းကျောင်းနေတာ ကြာလှပြီ။ ၁ ကနေ ၁၀ အထိပဲ ရေတက်ပြီး၊ ဒီထက် ပိုမရေတက်သေးဘူး။ ကြီးလာရင်

ဘာလုပ်စားမှာလဲ ။

လက်ဝှေ့ပွဲမှာ ဒိုင်လူကြီးလုပ်စားမယ်။

ရှင်က ကျွန်မထက် အရက်ကို ပိုချစ်တယ်ပေါ့လေ ၊ ပြောစမ်း။

မိန်းမရယ် မင်းကိုတစ်ရက်မှာ ၂၄ နာရီလုံးချစ်တာပါ။ အရက်ကိုတော့ တစ်နေ့မှ

တစ်ပုလင်းတည်း ချစ်တာပါ။

ဗျို့ ကားဆရာခဏရပ်ပါဦး။

နောက်က တွယ်စီးတဲ့ လူတစ်ယောက် ပြုတ်ကျကျန်ရစ်ခဲ့လို့။

ကိစ္စမရှိဘူး။ သူ့ဆီက ကားခရပြီးသားပါ။

ဆေးကျောင်းဆင်းကာစ ဆရာဝန်တစ်ယောက်သည် သူ့ဆေးခန်းသို့ ပထမဆုံးရောက်လာသည့်လူနာကို စမ်းသပ်ရင်း ရောဂါရှာမရသဖြင့် ချွေးပြန်လာသည်။

ထို့နောက် အကြံတစ်ခုရပြီး လူနာကိုမေးလိုက်တယ်...

ခင်ဗျား အရင်က ဒီရောဂါဖြစ်ဖူးလားတဲ့

ဟုတ်ကဲ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစ်ဖူးပါတယ်

ဟုတ်ပြီ။ ဒါဆို အဲဒီရောဂါ ပြန်ထတာပဲ


ဒီနေ့ အရှက်ပြိုင်ပွဲကျင်းပတာ သမီးပထမရတယ် မေမေ

ဟုတ်လား ။

ဘာတွေဆုချသလဲ သမီး...

မသိဘူး မေမေ ... ရှက်တာနဲ့ ဆုတက်မယူခဲ့ဘူး....

လူတစ်ယောက် သင်းအုပ် ဘုန်းတော်ကြီးထံသို့ သူ၏အပြစ်ကို ၀န်ချတောင်းပန်သည်။

ဘုန်းတော်ကြီး ။ ။ မင်းမှာဘာအပြစ်ရှိလို့လဲ။
လူ ။ ။ ကျွန်တော်အရင်တစ်ပတ်က ကျွန်တော့်သူငယ်ချင်းအိမ်ကို သွားလည်တယ်။ သူ့အိမ်ရောက်တော့ သူကမရှိဘူး။ အိမ်မှာသူ့မိန်းမပဲရှိတယ်။ အဲဒါနဲ့ကျွန်တော်ပြန်မယ် လုပ်တော့ .. မိုးက ၀ုန်းကနဲဆို ရွာချရော။ ထီးကလည်းမပါဘူး။ ဒါနဲ့ပဲ သူငယ်ချင်းမိန်းမက မိုးခိုရင်းကော်ဖီသောက်လိုက်ဆို ပြီး ကော်ဖီဖျော်တိုက်တယ်။ အဲ ... မိုးကလည်းတော်တော်နဲ့ မစဲဘူး။ အဲဒါနဲ့ပဲ မထိန်းနိုင်ဖြစ်ပြီး သူငယ်ချင်းမိန်းမနဲ့မှားသွားမိတယ်။ အဲဒါကြောင့် ခွင့်လွှတ်ပါ။

ဘုန်းတော်ကြီး ။ ။ ရပါတယ်။ ဒါကလူတိုင်းဖြစ်နိုင်တာပဲ။ ခွင့်လွှတ်ပါတယ်။
လူ ။ ။ မပြီးသေးဘူး။ လွန်ခဲ့တဲ့သုံးရက်လောက် ကကျွန်တော် ယောက္ခမအိမ်ကို သွားလည်တယ်။ မိန်းမကလည်း မအားလို့မလိုက်တော့ဘူးတဲ့။ ယောက္ခမ အိမ်ရောက်တော့ သူမရှိဘူး။ Party သွားတယ်တဲ့။ ကျွန်တော့်ခယ်မ တစ်ယောက်ပဲအိမ်မှာရှိတယ်။ အဲဒါနဲ့ မကောင်းပါဘူးလေ ဆိုပြီး ပြန်မယ်လုပ်တော့ မိုးကရွာကော။ ထီးမပါလာပြန်ဘူး။ ဒါနဲ့ခယ်မကလည်း ကော်ဖီဖျော်တိုက်တယ်။ မိုးကလည်းတော်တော်နဲ့မတိတ်ဘူး။ အဲဒီ့မှာပဲ မထိန်းနိုင်ပဲ မှားသွားမိသေးတယ်။

ဘုန်းတော်ကြီး ။ ။ အင်း......... နည်းနည်းတရားလွန်ပေမယ့် ခွင့်လွှတ်လိုက်ပါတယ်။

လူ ။ ။ နောက်တစ်ခုကျန်သေးတယ်။ မနေ့က ကျွန်တော့်အဒေါ်အိမ်သွားတယ်။ အဒေါ်ဆိုတာ အဖွားရဲ့မွေးစားသမီးပါ။ ကျွန်တော်နဲ့တော့ ဘာမှမတော်ပါဘူး။ သူကလည်းအိမ်မှာမရှိဘူး။ သူ့ရဲ့သားပဲအိမ်မှာရှိတယ် ။ ကျွန်တော်ပြန်မယ်လုပ်တော့ မိုးကသဲသဲမဲမဲ ကိုချတော့တာပဲ။ အဲဒါနဲ့သူ့ရဲ့သားက ကော်ဖီဖျော်တိုက်တယ်။ ထီးမပါတော့ပြန်လို့မရဘူးပေါ့။ အဲဒီ့မှာပေါ့ ... အဒေါ့်သားကနည်းနည်းနွဲ့နွဲ့လေး ဆိုတော့ကျွန်တော်လည်း ....................

ဘုန်းတော်ကြီး ။ ။ တော်တော် .. ဆက်မပြောနဲ့တော့။ ငါအကုန်လုံးကိုခွင့်လွှတ်တယ်။ ပြီးပြီမဟုတ်လား။ မင်း မင်း... မြန်မြန်ပြန်တော့။ မင်းဒီကိုလာတာထီးလည်းမပါဘူး။
အခုအပြင်မှာမိုးအုံ့နေပြီ။









တခါက သန်းရွှေသည် စိတ္တဇဆေးရုံ (ကြံဖွတ်ရုံး)သို့ သွားရောက် ကြည့်ရှုခဲ့သည်။

ကြံဖွတ်ရုံးရှိ လူနာများက အကြီးအကဲကို တွေ့သည်နှင့်.. "ဗိုလ်ချုပ်မှုးကြီး ကျန်းမာပါစေ...နေကောင်းပါစေ....သက်တော်ရှည်ပါစေ..." ဟု ကောင်းချီးပေးကာ ကြိုဆိုကြသည်။ သို့သော် ထိုလူနာတဦးမှာ ဘာမှမပြောဘဲ သန်းရွှေအား မျက်နှာလွှဲပြီး နေသည်။ အကြီးအကဲက မြင်သော်

"ဒီလူနာက ငါ့ကို မြင်တာတောင် မကြိုဆိုပါလား" ဟု ဆေးရုံအုပ်အား မေးလိုက်သည်။

ဆေးရုံအုပ် ပြန်ဖြေလိုက်သည်မှာ "လူနာရဲ့စိတ် ဒီနေ့ အခြေအနေကောင်းနေတယ်" ဟူတည်း။











လွတ်အောင်ပြေး.. မိရင်နာမယ်
ကိုချူချာ တစ်ယောက် အခုတစ်လောအလွန်ဝလာသဖြင့် အလွန်စိတ်ညစ်နေသည်။ စိတ်ညစ်ညစ်နှင့် အိမ်ရှေ့ ဧည့်ခန်းမှာထိုင်ရင်း သတင်းစာကို ယူကြည့်ရာ ကြော်ငြာတစ်ခုကို တွေ့ လိုက်ရသည်။ ကြော်ငြာက… သင်၏ အဆီများကျဖို့  ကျွှန်တော်တို့ ကတာဝန်ယူပါသည်။ တစ်ပတ်အတွင်း မည်မျှ ကျချင်ကြောင်းသာ ဖုန်းနံပါတ် . . . . . သာဆက်သွယ်လိုက်ပါဟု တွေ့ ရသဖြင့် ခေါ်ဆိုကြည့် ရာ တစ်ဖက်မှ…
ဟုတ်ကဲ့ Slim Body Group မှကြိုဆိုပါတယ်….မိတ်ဆွေအနေဖြင့်..နေရပ်လိပ်စာနှင့် တစ်ပတ်အတွင်း
ပေါင်မည်မျှကျချင်ကြောင်း ပြောပြပါဟု ပြန်ဖြေလေသည်။
ထိုအခါ....
ကိုချူချာ…..တစ်ပတ်အတွင်း ၅ပေါင်ကျချင်ကြောင်းပြောရာ တစ်ဖက်မှ…ဟုတ်ကဲ့ မနက်ဖြန်ကစပြီး လူကြီးမင်းရဲ့ ကိုယ်အလေးချိန် ၅ပေါင်ကျဖို့ တာဝန်ယူကြောင်း…
ဤအစီအစဉ်ကို
ကြိုက်နှစ်သက်လိမ့်မည်ဟုယုံကြည်ကြောင်း ပြန်ဖြေလေသည်။
နောက်နေ့ မနက်
အိမ်တံခါးခေါက်၍ သွားဖွင့်ရာ…. ငယ်ရွယ်ချောမောလှပသော မိန်းမပျိုလေး တစ်ယောက် အားကစားဝတ်စုံ ၀တ်လျှက် စောင့်နေသည်ကို တွေ့ ရလေသည်။ သူမ၏ လည်ပင်းတွင် ကတ်ပြားတစ်ခုချိတ်ဆွဲထား၍ ဖတ်ကြည့်ရာ…..
မိအောင်ဖမ်း..မိရင်နမ်း… ဟုတွေ့ ရသည်။ ထိုမိန်းကလေး က ဘာမှမပြောဘဲ ပြေးထွက်သွားရာ ကိုချူချာလည်း မှီအောင်လိုက်ရတော့သည်။ ၂မိုင်လောက်ပြေးလိုက်မှ ထိုမိန်းကလေးကို မိတော့သည်။
ဒီလိုနှင့်
ထိုမိန်းကလေးနောက်ပြေးလိုက်ရာ တစ်ပတ်မကြာသော်… အမှန် တစ်ကယ်ပင် ၅ပေါင်ကျသွားကြောင်း တွေ့ရသည်။ ကိုချူချာတစ်ယောက် အပျော်ကြီးပျော်သွားပြီး
ယင်း Group အား ထပ်မံ၍ တစ်ပတ်အတွင်း ၁၀ပေါင်ကျချင်ကြောင်း အကြောင်းပြန်လိုက်သည်။ နောက်နေ့ တွင် ယခင်ကထက် ပိုမိုချောမောလှပသော မိန်းမပျိုလေးတစ်ယောက် ဘောင်းဘီတိုလေးနှင့်စောင့်နေ သည်ကို တွေ့ ရပြန်သည်။
ထိုမိန်းကလေး၏ ကတ်ပြားလေးမှာလဲ………..မိရင်နမ်းပင် ဖြစ်သည်။ ထိုမိန်းကလေးနောက်ပြေးလိုက်ရာ…. ၅မိုင်လောက်မှမှီလေသည်။ ထုံးစံအတိုင်း တစ်ပတ်ပြည့်၍ ပေါင်ချိန်ကြည့်ရာ တစ်ကယ် ၁၀ပေါင် ကျသွားလေသည်။
ကိုချူချာတစ်ယောက် လောဘတက်လေပြီ။ ၂ ပတ်အတွင်း ပေါင် ၅၀ ကျချင်ကြောင်းအကြောင်းကြားရာ ထို Group က ထိုအစီအစဉ်မှာ လွန်စွာ ပင်ပန်းကြောင်းနှင့် ဖြည်းဖြည်းချင်း ပေါင်ချလျှင်လည်း
ရနိုင်ကြောင်းပြောပြသည်။ သို့ သော်ကိုချူချာက ရပါတယ်..ဒီလောက်တော့အပျော့ပေါ့ ဟုပြန်ပြောကာ ၂ ပတ်တွင်ပေါင် ၅၀ ကျရန်သဘောတူလိုက်သည်။
နောက်နေ့ မနက်ရောက်၍ ၀မ်းသာအားရ တံခါးသွားဖွင့်ရာ….တံခါးတွင်…ထောင်ထောင်မောင်း မောင်း သန်သန်မာမာ ယောကျာ်းတစ်ယောက်ကိုတွေ့ ရ၍ အံအားသင့်သွားသည်။ ထိုသူ၏ လည်ပင်းတွင် ချိတ်ဆွဲထားသော ကတ်ပြားလေး၌……
လွတ်အောင်ပြေး…မိရင်နာမယ်.. ဟူ၍ ဖြစ်လေသတည်း….

ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။
ဆရာ ။ ။ဟေ့ကောင်ကြီး....အိမ်မှာဘယ်လိုအခြေအနေရှိလဲ.. အေးဆေးပဲလား
တပည့် ။ ။ ဟာ....မအေးဆေးဘူးဆရာ....ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ
ဆရာ ။ ။ ဟေ...မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်...
တပည့် ။ ။ ကျွေးပါတယ်ဆရာရယ်...
ဆရာ ။ ။ အေး...ကျွေးရင်ပြီးရော....သေတာကသေသွားပြီ..ရှိစေတော့...ရှိစေတော့ ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ...အအေးမိတာလား
တပည့် ။ ။ မဟုတ်ဘူးဆရာ....အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ"
ဆရာ ။ ။ ဟင်!!!! ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက"
တပည့် ။ ။ ဆ..ဆရာ...စိတ်မဆိုးရဘူးနော်..
ပြီးတော့...ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်.....
ဆရာ ။ ။ အေးပါ...မြန်မြန်ပြောစမ်းပါ...
တပည့် ။ ။ ဟိုလေ....ဆရာမြင်းကြီး....အဲလေ...ဆရာ့မြင်းကြီးအသားအပုပ်တွေ.....
ဘာ....ငါ့မြင်းကြီး...ဟုတ်လား..
တပည့် ။ ။ ဟုတ်...ဟုတ်...သေသွားပြီဆရာ..
"ဟေ!!!!....
တပည့် ။ ။ သူကတော့ပင်ပန်းပြီးသေတာဆရာ
ဘာကွ...မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား..
တပည့် ။ ။ မဟုတ်ဘူးဆရာ...ရေ...ရေသယ်ရလို့ပါ...
ဆရာ ။ ။ ဘာ!!!!...ရေ.........ဟုတ်လား....????. ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ
တပည့် ။ ။ ဟို..ဟိုလေ....မီးလောင်လို့...
ဘာ!!!!!! မီးလောင်လို့ဟုတ်လား....ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်..
တပည့် ။ ။ ဆရာ.အိမ်ပေါ့ဆရာရယ်
ဘာကွ... ဟေ့ကောင်....ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်
တပည့် ။ ။ ဖယောင်းတိုင်မီးက လောင်တာဆရာ..အသုဘရှိလို့ ထွန်းထားတဲ့ဖယောင်းတိုင်က
ဘာ ...အ..အ...အသုဘ...ဘယ်..ဘယ်သူလဲဟင်
တပည့် ။ ။ ဆရာ့အမေ....
ဆရာ ။ ။ ဘာကွ..ငါ့အမေသေပြီ...ဟုတ်လား...အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ
တပည့် ။ ။ ဒီလိုပါဆရာရယ်...အဲဒီနေ့ကပေါ့.. ဘုရားခန်းထဲမှာ... လူရိပ်တစ်ရိပ်... ဖျတ်ခနဲမြင်တာနဲ့
ဟ..သူခိုးဟ..ဆိုပြီး.. .အနားမှာတွေ.တဲ့ ဂေါက်ရိုက်တံနဲ့ နှက်ထည့်တာ.. ဆရာ့အမေဖြစ်နေတယ်
တခါတည်း ပွဲချင်းပြီးသွားတယ်...ဆရာ..
တပည့် ။ ။ ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ..
ဆရာ ။ ။ အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့
..မင်း...မင်း..သေပြီသာမှတ်.


ယခုအခါတွင် မြန်မာနိုင်ငံတွင်.....
H1N1 ၀က်တုပ်ကွေးရောဂါ စတင်ရောက်ရှိလာပြီဖြစ်ပါသဖြင့်အပြင်သို့သွားလာရာတွင် နှာခေါင်းစည်းများ ဖြင့်သွားရောက်ပါရန် အထူးတိုက်တွန်းလိုက်ပါသည်။

ပုဏားလေးရရှိသော နောက်ဆုံးရသတင်းထူးများမှာ
  • မျက်နှာဖုံးများမှာ 5% သာကာကွယ်မှုပေးနိုင်သဖြင့် ရာနှုန်းပြည့်ကာကွယ်ရန် နှာခေါင်းနှင့် ပါးစပ်ကို အပ်ချည်ကြိုးနှင့်သီထားကြပါရန်။
  • အောက်စီဂျင်ဘူးပါသော ရေငုပ်ဝတ်စုံများ ဈေးတက်ဖွယ်ရှိကြောင်း။
  • ဘိစပ်ရွက် သိုလှောင်မှုများမြင့်တက်လာဖွယ်ရှိကြောင်း။
  • ဘတ်စ်ကားစပယ်ယာများမှ အဓိက သားကောင်ဖြစ်လာနိုင်သဖြင့် စပယ်ယာရှားပါမှု ကြုံတွေ့ရနိုင်ကြောင်း။
  • ကောင်မလေးများမှာ မျက်နှာပေါ်တွင် နှုတ်ခမ်းနီဖုံးစရာ
  • မိတ်ကပ်ဖို့စရာ နည်းပါးသွားပါသဖြင့် အလှကုန်ပစ္စည်းများ အရောင်းထိုင်းနိုင်ကြောင်း။
  • သို့သော် စိတ်ဖြေသည့်အနေဖြင့် အ၀တ်အစားများကို ယခင်ထက် ပိုပေါ်လွင်အောင် ၀တ်ဆင်လာနိုင်သဖြင့် အမျိုးသား သရေခံများ အရောင်းသွက်နိုင်ကြောင်း။
  • ရုပ်နာသည့် ဘဲရွဲများမှာလဲ ယခုရက်ပိုင်းအတွင်း အမြန်အစွံထုတ်ကြဖွယ်ရှိကြောင်း။
  • ရုပ်ရှင်ရုံများတွင်လည်း မှောင်မှောင်ထဲတွင် အတွဲမှားယွင်းမှုများနှင့် ကြုံနိုင်ကြောင်း။
  • ထို့ကြောင့် အွန်လိုင်းပေါ်တက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း
ခိုင်လုံသည့် အတင်းရပ်ကွက်မှ စပ်စုခဲ့ပါသည်။

ရုပ်ပြ ဟာသ

ဟာသစုစည်းမူ

ကျွှန်တော့ မိတ်ဆွေတွေ ဝေမျှသွားတာတွေကို စုစည်းတင်ပြခြင်းသာ ဖြစ်ပါတယ် . ...
ကိုယ်ပိုင်ရေးသားခြင်းမျိုး မဟုတ်ပါ...
အားလုံးသော စာဖတ်သူများအား ပျော်ရွှင်စေခြင်းသာ ရည်ညွှန်းပါသည်

ရုပ်ပြ ဟာသများ