မြန်မာ ဟာသများ ( Comedy Collection )

မေးထဲရောက်လာသော ဟာသများ စုစည်းမူ

သကြားမင်းကြီး - ဗိုလ်ချုပ်ဟောင်း ထွန်းထွန်း ဦးက နိင်ငံတော်တရားသူကြီးချုပ်ဖြစ်လာသတဲ့ကွာ ၊
လုပ်ကြပါဦး ဒီလူက အိပ်ချီပီ ပဲအောင်တာကွ။ နိင်ငံတော်တခုရဲ့  တရားဥပဒေရေးရာဆုံ
းဖြတ်ချက်တွေဆိုတာအရေးကြီတယ်ကွ၊ ပညာညဏ် ကြီးမားဖို့ လိုတယ်။
သူဆုံးဖြတ်ချက်တွေကအရေးကြီးတယ်။

မာတလိစ် - သူက ပညာညဏ်ကြီးမားပါတယ် ဖရာ့

သကြားမင်းကြီး - ဟေ - မင်းကလည်း ဟုတ်မှလဲလုပ်စမ်းပါကွ။ တခြားနိင်ငံတွေမှာ
တရားသူကြီးချုပ်ဆိုတာပညာ တော်တော်တတ်တဲ့ကောင်တွေကွ၊

မာတလိစ် - ဘော့စ်ကလည်း နအဖ အဖွဲ့ မှာ ပညာအတတ်ဆုံးက သူပဲရှိတယ်ဖရာ့ ။

သကြား - ဟိုက် ရှာလဘစ်။

ယောက်ျားက သူ့မိန်းမကို မေးပြော ပြောလိုက်တယ်။

``ဘာဖြစ်လို့ မင်းဟာ လှလည်းလှ တုံးလည်းတုံး ရသလဲ မသိပါဘူးကွာ``တဲ့။

မိန်းမက ပြန်ပြောတယ်။

``ရှင်းပြပါရစေ ကိုအ၀ှာ... ဘုရားသခင်က ကျွန်မကို ချောအောင်
ဖန်ဆင်းခဲ့တယ်၊ ဒါမှ ရှင်က
ကြိုက်တော့ မပေါ့။ ဒါပေမဲ့ ဘုရားသခင်နော်၊ အကုန်သိတယ်၊ ကျွန်မကို
ခပ်တုံးတုံး ဖြစ်အောင်လည်း လုပ်လိုက်တယ်၊ ဒါမှ ရှင့်ကို
ပြန်ကြိုက်မပေါ့ရှင်`` တဲ့။

ယောက်ျားက ဆောင်းပါးတစ်စောင် ဖတ်နေရင်း ``မိန်းမတွေက တစ်နေ့ကို
စကားလုံးပေါင်း သုံးသောင်းလောက် သုံးစွဲ ပြောဆိုကြပေမယ့် ယောက်ျားတွေက
တစ်နေ့ကို
စကားလုံးပေါင်း တစ်သောင်းခွဲပဲ သုံးကြတယ်တဲ့ကွ``

မိန်းမလုပ်သူက ``အဲဒါ ဘာဖြစ်လို့လဲ ရှင်သိလား၊ ဘာဖြစ်ဖြစ် ရှင်တို့ကို
နှစ်ကြိမ် ပြောပြောနေရလို့ပဲ``

``ဘာ`` (မိန်းမက နောက်တစ်ကြိမ် ထပ်ပြောရပြန်ရော)။

``ငွေသား၊ ချက်လက်မှတ်၊ အကြွေးကဒ် ဘာနဲ့ ပေးမလဲခင်ဗျ``

သူ(မိန်းမတစ်ယောက်)၀ယ်တဲ့ ပစ္စည်းတွေကို အိတ်ထဲထည့်ပေးရင်း
ကျွန်တော်(အရောင်းသမား)က မေးလိုက်တယ်။

အဲဒီမှာပဲ ပိုက်ဆံအိတ်ဖွင့်လိုက်တဲ့ မိန်းမရဲ့ လက်ကိုင်အိတ်ထဲမှာ
တီဗီရီမုတ်ကို တွေ့လိုက်ရတယ်။

``အပြင်သွားလည်း တီဗီရီမုတ် ယူလာသလားဗျ`` မေးကြည့်တော့

``ဟုတ်ပါဘူးရှင်၊ ယောက်ျားရေ... ဈေးလိုက်ခဲ့ပါလို့ ခေါ်တာ မရတာနဲ့
ခွင်ထဲက လုပ်လို့ရတဲ့ သူအနစ်နာဆုံး သင်ခန်းစာ ပေးရတာပါရှင်`` တဲ့ဗျာ။

လင်မယားနှစ်ယောက် ကားမောင်းလာရင်း အတော်ကြာတဲ့အထိ စကားမပြောကြဘူး။

ဖြစ်ပုံက ဒီလို... ကိစ္စတစ်ခုကို ငြင်းကြရင်း ဘယ်သူ့ဘက်ကမှ မလျှော့ကြတာနဲ့
စကားဆက်မပြောကြတော့ဘဲ တိတ်လာလိုက်တာလေ။

ခဏနေတော့ မြည်းခြံ၊ ဆိတ်ခြံ၊ ၀က်ခြံတွေကို ကားမောင်းရင်း ဖြတ်လာတော့
ယောက်ျားက ရိသဲ့သဲ့လုပ်ပြီး ``မင်း အမျိုးတွေလား`` လို့ တင်စီးပြီး
စကားစလိုက်တယ်။

မိန်းမက တခွန်းပက်ကနဲ ပြန်ပြောတယ်။ ``ဟုတ်တယ်၊ ယောက်ျားဘက်က ဟာတွေလေ`` တဲ့။

ရုပ်ပြ ဟာသ

ဟာသစုစည်းမူ

ကျွှန်တော့ မိတ်ဆွေတွေ ဝေမျှသွားတာတွေကို စုစည်းတင်ပြခြင်းသာ ဖြစ်ပါတယ် . ...
ကိုယ်ပိုင်ရေးသားခြင်းမျိုး မဟုတ်ပါ...
အားလုံးသော စာဖတ်သူများအား ပျော်ရွှင်စေခြင်းသာ ရည်ညွှန်းပါသည်

ရုပ်ပြ ဟာသများ