မြန်မာ ဟာသများ ( Comedy Collection )

မေးထဲရောက်လာသော ဟာသများ စုစည်းမူ

လူ တစ်ယောက်သည် နိုင်ငံရေး သမားတစ်ဦး၏ သတင်းထောက်အဖြစ် လျှောက်ထားလိုက်သည်။

လျှောက်လွှာတင်ပြီး မကြာမီ နိုင်ငံရေးသမား၏ ရုံးမှ ပြန်ကြားစာကို သူရသည်။

"လူကြီးမင်း၏ ကိုယ်ရေးမှတ်တမ်းသည် ပုံကြီးချဲ့မှု၊ သဘာဝ မဆန်မှု၊ အမှန်တစ်ဝက် မုသားတစ်ဝက် ဖြစ်မှု များ
ပြည့်နေပါသည်။ လူကြီး မင်း တနလာင်္နေ့တွင် အလုပ်စတင် ၀င်ရောက်နိုင်ပါသလား"

ကားမောင်းသင်ဆရာက အလွန်အကျွံကြောက်တတ်သူ တစ်ဦးအား ကားမောင်းသင်ပေးလျက်ရှိသည်။
သူမမှာ နှစ်လမ်းမောင်းလမ်းပေါ်တွင် တစ်ဖက်မှ ကားတစ်စင်း ချဉ်းကပ်လာတိုင်း ကြောက်လန့် တကြားဖြစ်တတ်သည်။

" ဒီတစ်ခါ တယ်ဟုတ်ပါလား" အမောင်းသင်ဆရာက ပြောလိုက်သည်။ အမောင်းသင် အမျိုးတစ်မီးက " ဟုတ်ကဲ့၊ ကျွန်မက ဟိုဘက်က ကားတစ်စီးလာ တာမြင်ရင် မျက်စိမှိတ်ထားတာကိုး"

ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းလိုကြောင်း လျှောက်ထားသော အမျိုးသမီးတစ်ဦးအား စိတ်ပြောင်းရန် တရားသူကြီးက ကြိုးစားလျက် ရှိသည်။

"ခင်ဗျားက အသက် 92 နှစ်။ ခင်ဗျား ယောက်ျားက 94 နှစ်။ အိမ်ထောင်သက် 73 နှစ်ရှိပြီ။

ခုမှ ဘာကြောင့်ကွဲချင်ရတာလဲ" အမျိုးသမီးက ရှင်းပြသည်မှာ

"ကျွန်မတို့ အိမ်ထောင်ရေးက အဆင်မပြေတာကြာပါပြီရှင့်။

ဒါပေမယ့် ကလေးတွေ သေတဲ့ ထိစောင့်ဖို့ ကျွန်မတို့ ဆုံးဖြတ်ထားကြလို့ပါ"

ခွေးများကိုသန့်ရှင်းရေးလုပ်ပေးရသူအဖြစ်လုပ်ပေးရသော အမျိုးသမီးတစ်ယောက်အား ခွေးကကိုက်လိုက်သည်။

ထိုအခါနာကျင် မူကိုသတိပြုမိသွားသောအလုပ်ရှင်ထံမှစိုးရိမ်ပူပန်သောအသံထွက် လာသည်။

" ညည်းဘာပဲလုပ်လုပ် အဖြုရောင်ခွေးပေါ်မှာတော့ သွေးမပေစေနဲ့ "

ရထားတစ်စီးပေါ်တွင်ပိန်ပိန်ပါးပါးအသက်ခပ်ကြီးကြီး အမျိုးသားကြီးတစ်ယောက်ပုံကားအလွန်အားနည်းပုံပေါက်သည်။

သူဆင်းမည့်ဘူတာရောက်သောအခါတိုက်ရိုက်တည့်တည့်မဆင်း နိုင်ပဲတံခါးပေါက်မှလက်ကိုင်သံတန်းကိုဖြည်းဖြည်းဆင်းနေသည်။

ကံကောင်းထောကမစွာဖြင့်ကူညီတတ်သောအစောင့် တစ်ယောက်ရောက်လာပြီးသူကိုကျောမှထိန်းပေးသည်။

သို့သော်..
ရထားပေါ်တတ်ရန်းကြိုးစားနေသည်ဟုထင်၍ရထားပေါ်ပြန်တွန်းတင် လိုက်သည်။

တံခါးပေါက်ချက်ချင်းပိတ်သွားပြီးရထားကဆက်ထွက်လာခဲ့သည်။

အဘိုးအိုမှာနောက်ဘူတာရောက်သည်အထိသူ့အဖြစ်ကို မကျေမနပ်ဖြင့်မည်တွန်တောက်တီးလာပါတော့သည်။

ခရစ်စမတ် တစ်ကျော့ရောက်ပြန်ပါပြီ.. ဒီခရစ်စမတ်မှာ တီဗွီတစ်လုံး ဝယ်ပေးဖို့ ကောင်လေးကအမေကိုပူဆာတယ်။

ကောင်လေးကဆိုးပေပြီးစာလည်းမကြိုးစားတဲ့အတွက် အမေက ဝယ်မပေးချင်ဘူး။

ဒါနဲ့ အမေက ကောင်လေးကို "ကောင်လေး ဘုရားသခင်ကို စာတစ်စောင်ရေးလိုက်ပါ။

ဒီနှစ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုတွေကိုရေးလိုက်..

ဘုရားသခင်က တီဗွီတစ်လုံးလက်ဆောင်ပေးလိမ့်မယ်"လို့ပြောလိုက်တယ်။

ဒါနဲ့ကောင်လေးကဘုရားသခင်ထံစာရေးတော့တယ်။
"ချစ်လှစွာသော ဘုရားသခင်၊ ဒီနှစ်အတွင်းမှာ ကျွန်တော် ကောင်းတာတွေ အများကြီးလုပ်ခဲ့ပါတယ်။

အခုဆိုခရစ်စမတ်ရောက်တော့မှာမို့ သင်၏ချစ်လှစွာသော သားတပည့်ကို တီဗွီတစ်လုံး လက်ဆောင်ပေးပါ" လို့ ရေးလိုက်တယ်။

ကောင်လေးကစာကိုရေးပြီး ပြန်ဖြစ်ကြည့်တယ်။ သိပ်သဘာဝမကျတာနဲ့

ဒုတိယတစ်စောင်ကိုကောက်ရေးလိုက်ပြန်တယ်။

"ဘုရားသခင်.. ဒီနှစ်အတွင်း ကျွန်တော် မကောင်းတာတွေလုပ်ဖြစ်တယ်။
ကျွန်တော် မှားသွားပါတယ်။ ဘုရားသခင် ကျွန်တော့်ကို တီဗွီတစ်လုံး ပေးမယ်လို့ မျှော်လင့်ပါတယ်"
လို့ ပြင်ရေးလိုက်တယ်။

ကောင်လေးကစာကိုတစ်ခေါက်ပြန်ဖြစ်ကြည့်ပြီးမကြိုက်လို့တတိယတစ်စောင်ကိုရေးလိုက်ပြန်တယ်။
"ဘုရားသခင်.. ကျွန်တော် မကောင်းတာတွေ တော်တော်များများ လုပ်ခဲ့တယ်။
ဒါပေမယ့် တီဗွီတစ်လုံးတော့ လိုချင်သေးတယ်" လို့ ပြင်ရေးပြီး ဘုရားကျောင်းကိုသွားခဲ့တယ်။
ဘုရားကျောင်းမှာ Mary and Jesus ရဲ့ ရုပ်တုကိုတွေ့တော့ ကောင်လေးကစတုတ္ထမြောက်စာကိုရေးပြီး
မယ်တော်မာရီရဲ့ ရုပ်တုကို အိမ်ယူပြန်လာခဲ့တယ်။

နောက်တစ်နေ့မှာ ဘုရားကျောင်းက ဖာသာက ဘုရားသခင် Jesus ရဲ့ ခြေရင်းမှာ စာတစ်စောင်ကျနေတာကို
တွေ့လို့ ကောက်ဖတ်ကြည့်လိုက်တော့...
"ဘုရားသခင်.. သင့်အမေ ကျွန်တော်လက်ထဲမှာ သင့်အမေကိုတွေ့ချင်ရင် ကျွန်တော့်ကို
တီဗွီတစ်လုံး မြန်မြန်ပေးပါ" ဟူတည်း။

ဆရာမတစ်ဦးကမူကြိုကလေးတွေကိုအိမ်မွေးတိရိစ္ဆာန်အခေါ်အဝေါ်တွေ သင်ပေးနေတယ်။

ဆရာမ " ခြေနှစ်ချောင်းနဲ့ အိမ်မှာမွေးတဲ့ အကောင်တစ်မျိုးရှိတယ်။

မနက်မိုးလင်း နေထွက်တာနဲ့ အိမ်ရာထတော့လို့ ကလေးတို့ကို ထခိုင်းတတ်တယ်။

မထမချင်းလည်း အော်နေတတ်တယ်။

အဲတာ ဘာအကောင်လဲ သိလား"

ကလေးတွေက ဘာအကောင်မှန်း မသိလို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြတယ်။

အဲဒီအချိန်မှာ ကလေးတစ်ယောက်ကထအော်လိုက်တယ်"မေမေ"တဲ့။

တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို သတင်းမေးဖို့ ရောက်သွားခဲ့တယ်။

သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ် တင်ထားတဲ့ မြေပဲဆံတွေကို ယူစားတော့တယ်။

သတင်းမေးပြီး အိမ်ပြန်ခါနီး အဘွားကို မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက

"အေး.. အဘွားလဲ အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က ကပ်ထားတဲ့ ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။

အမျိုးသမီးတစ်ဦးသည် အိမ်တစ်အိမ်၏ဆင်ဝင်အောက်တွင် လှုပ်ကုလားထိုင်တစ်လုံးဖြင့်ငြိမ့်နေသော လူကောင်သေးသေး အဖိုးအိုတစ်ဦးကိုမြင်သဖြင့်စကားသွားပြောသည်။

" ဒီလောက်ပျော်နေတာကိုမြင်တော့ဂရုမထားပဲမနေနိုင်တော့လို့ပါ။ ဒီလိုပျော်ပျော်ကြီးအသက်ရှည်ဖို့လျှို့ဝှက်ချက်ကဘာပါလဲရှင့်"

" တစ်နေ့ကိုစီးကရက်သုံးဘူးသောက်တယ်။ တစ်ပတ်ကို ၀ီစကီတစ်သေတ္တာကုန်တယ်။ အဆီများတဲ့အစားအသောက်တွေကိုစားပြီး လေ့ကျင့်ခန်းမလုပ်ဘူး "

" အံ့သြစရာပါလား။အသက်ဘယ်လောက်ရှိသွားပြီလဲ"

" နှစ်ဆယ့်ခြောက်နှစ်.."

တရုတ်သိုင်းကားတွေမရှိရင် ဘယ်တော့မှမသိနိုင်မယ့်အချက်တွေကတော့

1. မင်းသားရဲ့ မိဘဖြစ်ရတဲ့သူတွေဟာ ကံမကောင်းတတ်ကြပါဘူး။ မင်းသားငယ်စဉ်ဘ၀မှာ ရန်သူတွေသတ်တာခံရပြီး မင်းသားက မိဘမဲ့ဖြစ်သွားလေ့ရှိပါတယ်။

2. ဒဏ်ရရပြီး သေလုမျောပါးဖြစ်နေတဲ့ လူတွေဟာ အသက်ကိုရအောင်ရှုပြီး သူ့ကိုဘယ်သူသတ်သလဲဆိုတာ ဖော်ထုတ်ဖို့စကားအနည်းငယ်ပြောပြီးမှ (သေကြောင်းပြတဲ့ အနေနဲ့) ခေါင်းကစောင်းကျသွားပါတယ်။

3. သိုင်းပညာရှင်တွေဟာ ခေါင်မိုးတွေ သစ်ပင်တွေပေါ်မှာ အဝေးကြီးကို ချွေးလုံးဝမထွက်ဘဲ ပျံနိုင်ပါတယ်။ ဒါပေမယ့် တခြားမြို့တွေရွာတွေကို ခရီးထွက်တဲ့ အခါတွေမှာတော့ လမ်းလျှောက်ပြီး (ဒါမှမဟုတ်) မြင်းစီးပြီး သွားကြရရှာပါတယ်။

4. မင်းသားသူရဲကောင်းတွေဟာ ပိုက်ဆံရဖို့အတွက် အလုပ်မလုပ်ပေမယ့် ၀ယ်စားတဲ့ အစားအစာတွေအတွက် ပေးဖို့ ရွှေတုံးငွေတုံးတွေ သူတို့မှာ အမြဲ ရှိနေတတ်ပါတယ်။

5. တိုင်းပြည်က ဘယ်လောက်ကြီးကြီး၊ ဘယ်နေရာတွေမှာပဲ ရောက်နေနေ မင်းသားနဲ့လူဆိုးတွေဟာ မကြာခဏ လမ်းမှာဆုံလေ့ရှိကြပါတယ်။

6. အတွင်းဒဏ်ရာတွေ ကုသရတာလည်း အရမ်းလွယ်ကူပါတယ်။ တင်ပလင်ခွေထိုင်၊ ဒူးခေါင်းပေါ်မှာ လက်တွေတင်ပြီးရင် ခေါင်းက မီးခိုးတွေထွက်သွားတာနဲ့ ပျောက်ပါပြီ။

7. သူတို့ဟာ အကျီလက်တွေ ခါးပတ်တွေထဲမှာ ပစ္စည်းတွေအများကြီး (အထူးသဖြင့် ရွှေတုံးငွေတုံးတွေ) ထည့်နိုင်ပြီး ဘယ်တော့မှလည်း ပြုတ်မကျကြပါဘူး။

ကုလားကားတွေမရှိရင် ဘယ်တော့မှမသိနိုင်မယ့်အချက်တွေကတော့

1. မင်းသားဟာ အပြင်းထန်ဆုံး အရိုက်အနှက်ခံနေရချိန်မှာတောင် နာကျင်ပုံမပြပေမယ့် မင်းသမီးက အနာကို သန့်စင်ပြီးဆေးထည့်ပေးတဲ့ အခါမှာတော့ နာကျင်ပြီးတွန့်သွားတတ်ပါတယ်။

2. မင်းသားနဲ့မင်းသမီးဟာ မိုးရေထဲမှာ အရင်မ"က"ရသေးသရွေ့ ချစ်သူမဖြစ်ရပါဘူး။

3. မိတ်ကပ်တွေဟာလည်း တစ်ခါလိမ်းပြီးရင် မိုးရွာရွာ နေပူပူ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ဒီအတိုင်းပဲရှိနေပါတယ်။

4. မင်းသားနဲ့မင်းသမီး ချစ်သူနှစ်ယောက် ကွင်းပြင်ထဲမှာ ကနေတုန်း ရုတ်တရက် (ဘယ်ကရောက်လာသလဲဆိုတာ ဘုရားပဲ သိနိုင်တဲ့) လူ(၁၀၀)လောက် ထွက်လာပြီး သူတို့နဲ့အတူ ၀င်ကလေ့ရှိပါတယ်။

5. ဇာတ်သိမ်းခန်းကျရင် မင်းသားဟာ သူနဲ့တိုက်ခိုက်နေတဲ့လူဆိုးက သူ့အစ်ကိုဖြစ်ကြောင်း၊ သူ့ကိုကြည့်ရှုစောင့်ရှောက်နေတဲ့ အိမ်ဖော်မိန်းမကြီးက သူ့အမေဖြစ်ကြောင်း၊ ရဲအရာရှိကြီးက သူ့အဖေဖြစ်ကြောင်း၊ တရားသူကြီးက သူ့ဦးလေးဖြစ်ကြောင်း စသည်ဖြင့် စသည်ဖြင့် ဖော်ထုတ်သိရှိသွားတတ်ပါတယ်။

6. ရုပ်ရှင်ထဲက စကားတွေကြားမှာ ခပ်ကျယ်ကျယ်ပြောပြီး အများဆုံးညှပ်သုံးတတ်တဲ့ အင်္ဂလိပ်စကားလုံးတွေကတော့ "No Problem", "My God!", "Get Out!", "Shut Up!", "Impossible" နဲ့ "Please forgive me!" တို့ဖြစ်ပါတယ်။

7. မင်းသား မင်းသမီးတွေဟာ သီချင်းဆိုနေတုန်းမှာပဲ မြေကြီးပေါ်လှဲချပြီး လူးလှိမ့်နိုင်သလို အ၀တ်အစားတွေလဲ အမျိုးမျိုးပြောင်းနိုင်ကြပါတယ်။

8. သူတို့တွေဟာ အုန်းပင်တွေကြားမှာ ပြေးလွှားခြင်း၊ သီချင်းဆိုခြင်း၊ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်ခြင်း၊ တစ်ယောက်နဲ့တစ်ယောက် ဖြတ်ကနဲ အကြည့်ချင်းဖလှယ်ခြင်း၊ အ၀တ်အစားလဲခြင်းများကို တပြိုင်ထဲမှာ လုံးဝမမောမပန်းဘဲ လုပ်နိုင်ကြပါတယ်။

မြန်မာကားများကြည့်ပြီး ရရှိလာသော ဗဟုသုတ (၁၀၀)

၁။ မြန်မာလူမျိုးများသည် ခဏခဏ အတိတ်ကို ပြန်သတိရလေ့ရှိသူများဖြစ်ကြပြီး
များသောအားဖြင့် အတိတ်ကို အဖြူအမည်းဖြင့်သာ သတိရလေ့ရှိသည်။

၂။ သီချင်းနားထောင်လေ့ရှိသူများဖြစ်ပြီး သီချင်းနားထောင်နေရင်း
အတိတ်အကြောင်းများ ပြန်တွေးလေ့ရှိသူများဖြစ်ကြသည်။

၃။ စားသောက်ဆိုင်တွင် စကားစမြည်ပြောမည်ဆိုပါက .. အစာလုံးဝမစားရ။ (သိပ်စားချင်လျှင် အရည်တခုခု သို့မဟုတ် အနည်းငယ်မျှ စားခွင့်ရှိသည်။ )

၎။ မိန်းကလေးများ ကားပျက်လျှင် အနီးအနားတွင် ကူညီပေးချင်သော ယောက်ျားလေးများ
အများအပြားရှိသည်။

၅။ ထိုယောက်ျားလေးများအားလုံးသည် ကားပြင်တတ်သူများသာဖြစ်ကြသည်။

၆။ ထိုမိန်းကလေးသည် Handphone ရှိသော်လည်း များသောအားဖြင့်
လမ်းသွားလမ်းလာများကိုသာ အကူအညီတောင်းလေ့ရှိသည်။

၇။ Professional Graphic Designer တစ်ယောက်သည် Laptop ဖြင့် Touch pad ကို
သုံးပြီး အံသြလောက်ဖွယ်ကောင်းသော ဒီဇိုင်းများကို Microsoft paint ဖြင့်
ဖန်တီးလေ့ရှိသည်။

၈။ Instant Messenger / Chat Client ဆိုသည်မှာ Pagemaker / MS Word ကို
ဆိုလိုခြင်းဖြစ်သည်။

၉။ ကွန်ပျူတာပညာရှင်များသည် စာရွက်များဖြင့်သာ အလုပ်ရှုပ်နေတတ်ကြပြီး
ကွန်ပျူတာသုံးလေ့မရှိကြ။

၁၀။ သူခိုးများသည် အသံမကြားအောင် ခြေဖျားထောက်ပြီး လမ်းလျောက်လေ့ရှိသည်။

၁၁။ ဆင်းရဲသားများ ရန်အလွန်ဖြစ်ကြသည်။

၁၂။ ရုပ်ဆိုးသူများသည် လူဆိုး၊လူမိုက်များဖြစ်ကြသည်။

၁၃။ လူမိုက်များသည် ဘောင်းဘီသာဝတ်ကြပြီး ပုဆိုးဝတ်လေ့မရှိကြ။

၁၄။ လူဆိုးခေါင်းဆောင်အများစုသည် ကုတ်အကျီ (သို့) Leather Jacket ၀တ်လေ့ရှိပြီး
တခါတရံ ဦးထုပ်ဆောင်းတတ်ကြသည်။

၁၅။ လူဆိုးများသည် ခြံကျယ်ကြီးများ၊ တိုက်ပျက်ကြီးများတွင် စခန်းချလေ့ရှိသည်။

၁၆။ ထောင်မှထွက်လာသူများသည် ကောင်းမွန်စွာလုပ်ကိုင်စားလေ့မရှိဘဲ လူဆိုး
များဖြင့်သာ ပြန်လည်ပေါင်းသင်းပြီး ဆက်လက်ဆိုးသွမ်းကြသည်။

၁၇။ Snooker ကစားသူ အများစုသည် အကျင့်ပျက် လူပွေများသာဖြစ်လေ့ရှိသည်။

၁၈။ မြန်မာလူမျိုးများသည် ရေကူးကန်နားသို့ရောက်လျှင် မည်သူ့ကိုမဆို
ရေထဲသို့တွန်းချလေ့ရှိသည်။

၁၉။ စီးပွါးရေးသမားအများစုသည် အနောက်တိုင်းဝတ်စုံကို
ဝတ်စုံပြည့်ဝတ်ဆင်သွားလာလေ့ရှိသည်။

၂၀။ ထိုလူအများစုသည် အနက်ရောင် လက်ဆွဲသေတ္တာများကိုင်ဆောင် လေ့ရှိကြသည်။

၂၁။ ဖန်ခွက်ကျကွဲလျှင် ထိုသူနှင့်ပါတ်သက်သူ တစုံတယောက်မှာ
သေဘေး(သို့)အန္တရာယ်နှင့် ကြုံနေရသည်မှာ အသေအချာပင်။

၂၂။ သေခါနီးလူမမာများသည် စကားအလွန်များသောသူများဖြစ်ကြသည်။

၂၃။ သူတို့စကားပြောလို့ မပြီးမချင်း သေလေ့မရှိ။

၂၄။ ကျေးရွာတိုင်းတွင် ထန်းတောရှိတတ်ပြီး၊ အဆိုပါထန်းတောတွင် အချိန်ပြည့်
မူးရူးနေသူများဖြင့် ပြည့်နေသော ထန်းရည်ဆိုင်ရှိသည်။

၂၅။ တက္ကသိုလ် ကျောင်းသားဘ၀သည် ကင်တင်းတွင် တနေကုန်ထိုင်ပြီး ရီစရာဟာသများပြောကာ
ကောင်မလေးများကို ထိုင်ငမ်းနေသော နေ့ရက်များဖြစ်သည်။

၂၆။ တက္ကသိုလ်ကျောင်းဆိုသည်မှာ Myanmar Info Tech ( ICT Park ) နှင့်
အင်းလျားကန်ဘောင်ကို ဆိုလိုခြင်းဖြစ်သည်။

၂၇။ စာသင်ခန်းထဲတွင် စိတ်ကြိုက်စကားပြောခွင့်ရှိသည်။

၂၈။ ကျောင်းသူ မိန်းကလေးအများစုသည် အသံစွာကျယ်စွာကျယ် စကားပြောလေ့ရှိပြီး၊
ကင်တင်းတွင် ဟီးဟီးဟားဟား လုပ်လေ့ရှိသူများဖြစ်ကြသည်။

၂၉။ ထိုမိန်းကလေးများသည် ဆိုင်ထဲသို့ ယောက်ျားလေးတစ်ယောက်လာလျှင်
ဝိုင်းစတတ်ကြသည်။

၃၀။ အစခံရသော ယောက်ျားလေးတိုင်း ရှက်ပြီး အမှားမှား အယွင်းယွင်း
များလုပ်လေ့ရှိသည်။

၃၁။ အသက်မည်မျှပင်ကြီးစေကာမူ အထက်တန်းကျောင်း တက်လေ့ရှိကြသည်။

၃၂။ လူငယ် ယောက်ျားလေး မိန်းကလေးများသည် ၃ယောက် ၄ယောက် အဖွဲ့လိုက်သာ
ပေါင်းသင်းလေ့ရှိကြသည်။ တယောက်တည်း နေလေ့သိပ်မရှိ။

၃၃။ ယောက်ျားလေးအဖွဲ့မှ တယောက်ယောက်နှင့် မိန်းကလေးအဖွဲ့မှ တယောက်ယောက်
ချစ်သူရည်းစားဖြစ်သွားလျှင် ယောက်ျားလေးများသည် ထိုမိန်းကလေးအဖွဲ့မှ အခြားသော
မိန်းကလေးများနှင့် ရည်းစားဖြစ်သွားလေ့ရှိသည်။

၃၄။ သမီးရည်းစားများသည် သီချင်းဖွင့်ထားသော ပန်းခြံထဲတွင်
ပြေးလွှားနေကြလေ့ရှိသည်။

၃၅။ မိန်းကလေးများ အော့အန်ပါက ကိုယ်ဝန်ရှိနေပြီဖြစ်သည်။

၃၆။ ကိုယ်ဝန်ရှိသောမိန်းကလေး ချော်လဲလျှင် ကိုယ်ဝန်ပျက်ကျဖို့ ၉၀% သေချာသည်။

၃၇။ မွေးလာသော ကလေးမှာ ယောက်ျားလေးဖြစ်လျှင် လင်ယောက်ျားမှာ
အလွန်ပျော်ရွှင်လေ့ရှိသည်။

၃၈။ မြန်မာမိန်းကလေးများသည် စိတ်ဆိုးလျှင် ပါးရိုက်လေ့ရှိကြသည်။

၃၉။ အသည်းကွဲသူများသည် အလွမ်းသီချင်းများ နားထောင်ပြီး ငိုကြွေးလေ့ရှိကြသည်။

၄၀။ မိန်းကလေးတစ်ယောက်နှင့် ရန်ဖြစ်ပါက အဆိုပါမိန်းကလေးနှင့်
ရည်းစားဖြစ်တတ်သည်။

၄၁။ မိန်းကလေးတစ်ယောက်သည် ယောက်ျားလေးတစ်ယောက်အား မကျေနပ်၍ လက်စားခြေလိုလျှင်
သမီးရည်းစားအဖြစ်တွဲလေ့ရှိသည်။

၄၂။ အရက်မူးလာရင် အာလေး လျှာလေးဖြင့် စကားပြောတတ်ပြီး ..
ပြောသမျှစကားအများစုမှာ ရန်စကားများသာဖြစ်ကြသည်။

၄၃။ အရက်ဆိုင်အတွင်းရန်ဖြစ်လျှင် များသောအားဖြင့် ရဲလာဖမ်းလေ့မရှိ။

၄၄။ မူးရူးပြီးအိမ်ပြန်လာလျှင် အိမ်ရှိကောင်မလေးများအား မတရားပြုကျင့်တတ်ကြသည်။
ထိုအချိန်တွင် စားပွဲပေါ်မှ ပန်းအိုလဲသွားခြင်း၊ ကျကွဲခြင်း၊
ပန်းပွင့်ကြွေခြင်းများဖြစ်တတ်သည်။

၄၅။ အခန်းတစ်ခန်းအတွင်းမှ ထွက်လာပြီး ပုဆိုးပြင်ဝတ်လျှင် မုဒိန်းကောင်ဖြစ်သည်။
(မူးနေသူဖြစ်ပြီး မျက်နှာတွင် အဆီပြန်နေပါက ၁၀၀% သေချာသည်။)

၄၆။ မတရားပြုကျင့်ခံရသူတိုင်း ကိုယ်ဝန်ရှိလာကြသည်။

၄၇။ သူတို့သည် အများအားဖြင့် တရားစွဲလေ့မရှိကြ။

၄၈။ ကိုယ်ဝန်ဖျက်ချလေ့လဲမရှိသည့်အပြင် ကလေးကို တောရွာတခုခုသို့သွားပြီ
ခက်ခဲဆင်းရဲစွာ မွေးလေ့ရှိသည်။

၄၉။ အိမ်များတွင် ချောမောလှပသော အိမ်ဖေါ်ကောင်မလေးများရှိတတ်သည်။

၅၀။ ထိုအိမ်ဖေါ်ကောင်မလေးများသည် အိမ်ရှင်၏ သားများနှင့် ငြိစွန်းသွားတတ်ကြသည်။

၅၁။ ရုပ်ဆိုးသောအိမ်ဖေါ်အား မည်သူမျှ မတရားပြုကျင့်ခြင်းမရှိ။

၅၂။ ခေတ်လူငယ်အများစုသည် Shopping Mall များ၊ Snack Shop များတွင် တချိန်လုံး
အချိန်ဖြုန်းနေတတ်ကြသည်။

၅၃။ အဆိုပါ ဆိုင်များတွင် တွေ့သမျှ ကောင်မလေးများအား မျက်စပစ်ပြခြင်း စသည်
စသည်များ စိတ်ကြိုက်လုပ်ခွင့်ရှိသည်။

၅၄။ မိန်းကလေးများ အဖွဲ့လိုက် ခရီးထွက်ပါက ယောက်ျားလေးအဖွဲ့တဖွဲ့နှင့်
လမ်းခရီးမှာ ကြုံတွေ့လေ့ရှိပြီး ချစ်သူရည်းစားဖြစ်သွားလေ့ရှိသည်။

၅၅။ ယောက်ျားလေးမိန်းကလေးအဖွဲ့များတွင် အချောဆုံးတယောက်မှ လွဲပြီး ကျန်သော
သူငယ်ချင်းများမှာ တချိန်လုံး ဟာသလုပ်ပြီး ရီစရာများပြောနေတတ်ကြသည်။

၅၆။ ခေတ်လူငယ်အများစုမှာ မိဘ တစ်ဦး(သို့)နှစ်ဦးစလုံး မရှိတတ်ကြ။ ဦးလေး အဒေါ်များ
သူငယ်ချင်းများဖြင့်သာနေလေ့ရှိကြသည်။

၅၇။ စတိုးဆိုင်ရှိ အရောင်းစာရေးမများအား စိတ်ကြိုက် ရည်းစား
စကားပြောခွင့်ရှိသည်။

၅၈။ (အရောင်းတာဝန်ခံ/မန်နေဂျာ/Security) မည်သူကမျှ မတားဆီးကြ၊
အနှောင့်အယှက်မပေးလေ့မရှိကြ။

၅၉။ မည်သူမဆို Taxi ငှားစီးလျှင် မည်သည့်အခါမှ ဈေးမဆစ်ကြ။

၆၀။ အသက်၄၀ကျော် မိန်းမကြီး ၉၀% ခန့်မှာ အတင်းပြောတတ်သူများသာဖြစ်ကြသည်။

၆၁။ ရှုပ်ပွေသော မိန်းမများသည် အချိန်ပြည့် ဖဲရိုက်နေလေ့ရှိသည်။

၆၂။ အိမ်တစ်အိမ်တွင် အဖိုး၊အဖွားများသည် သြဇာအရှိဆုံးလူများ ဖြစ်ကြသည်။

၆၃။ ညအချိန်မတော် လမ်းမပေါ်တွင် သီချင်းအကျယ်ကြီးဆိုပြီး ဂစ်တာတီးနေသူများကို
တရပ်ကွက်လုံးက သည်းညည်းခံကြသည်။

၆၄။ ဂစ်တာတလုံးထဲဖြင့် Drum/Keyboard အသံများထွက်အောင် တီးတတ်ကြသည်။

၆၅။ ကောင်မလေးများသည် အဖေါ်မပါဘဲ ညအချိန်မတော် လူပြတ်သော လမ်းများတွင်
သွားလာလေ့ရှိသည်။

၆၆။ ထိုလမ်းများတွင် အဖေါ်မပါသော ကောင်မလေးအား ဆွဲလားရမ်းလားလုပ်ဖို့
အရက်မူးနေသော လူရမ်းကားများ လူဆိုးများ စောင့်နေတတ်သည်။

၆၇။ ထိုမိန်းကလေးများသည် အများအားဖြင့် အော်ဟစ်အကူအညီတောင်းလေ့မရှိကြ။

၆၈။ ယောက်ျားလေးများသည် တစ်ယောက်တည်းပင်ဖြစ်စေကာမူ ၂ယောက်၃ယောက်မကသော လူဆိုး၊
လူမိုက်များနှင့် ရန်ဖြစ်လေ့ရှိသည်။ ရန်ဖြစ်သည့်အခါများတွင် တိုက်ဆိုင်စွာ
ဘောင်းဘီရှည်သာ ၀တ်ထားလေ့ရှိသည်။

၆၉။ ရန်ဖြစ်သည့်အချိန်တွင် လဲကျသွားပါက ရှုံးပြီဖြစ်သည်။

၇၀။ အလွန်ချောမောလှပသော ကောင်မလေးများတွင် ခပ်ပေါပေါခပ်ချာချာ အစ်ကိုတစ်ယောက်
ရှိနေတတ်သည်။


၇၁။ ထိုမိန်းကလေး၏ အဖေသည် သူ၏သားမက်လောင်းအား မည်သည့်အခါမျှ မျက်နှာကျောမတည့်။

၇၂။ နယ်မှ တယောက်တည်းလာနေသော မိန်းကလေးများသည် သိန်းချီပေးရသော
အခန်းများငှားနေတတ်ကြပြီး ဘတ်စ်ကားဖြင့် သွားလာလေ့ရှိသည်။

၇၃။ ဆင်းရဲသား အလုပ်သမားများသည် စုတ်ချာသော (တခါတရံ) စုတ်ပြဲနေသော
အ၀တ်အစားများသာ အမြဲလိုလိုဝတ်ဆင်ကြသည်။

၇၄။ ချမ်းသာသူတို့၏ သားသမီးများသည် ဘွဲ့ရပြီးသည်အထိ အလုပ် လုပ်လေ့မရှိကြ။

၇၅။ အသည်းကွဲသူများသည် မီးရထားလမ်းဘေးတွင် လမ်းလျောက်နေလေ့ရှိသည်။

၇၆။ ပိုက်ဆံချမ်းသာသော လုပ်ငန်းရှင်သူဌေးများသည် ဆင်းရဲပြီးချောမောလှပသော
ကောင်မလေးအား လက်ထပ်ခွင့်ရရန် ယောက်ခမလောင်းများအား ငွေဖြင့် သိမ်းသွင်းတတ်သည်။

၇၇။ အဖြူရောင်ကုတ်အကျီရှည်ဝတ်ထားပြီ
း နားကျပ်လည်ပင်းတပ်ထားသူတိုင်း ဆရာဝန်များဖြစ်ကြသည်။ (သို့) ဆရာဝန်တိုင်း
ဂျူတီကုတ်ဝတ်ပြီး နားကျပ်လည်ပင်းဆွဲထားတတ်ကြသည်။

၇၈။ ခွဲစိတ်ကုသမှုမအောင်မြင်လျှင် ခွဲစိတ်ဆရာဝန်ကြီးသည် ခွဲခန်းအတွင်းမှ
ခေါင်းယမ်း၍ (သို့) မျက်နှာပျက်၍ ထွက်လာတတ်သည်။

၇၉။ မင်းသား(သို့) မင်းသမီး၏ အမေများတွင် နှလုံးရောဂါ (သို့)
သွေးတိုးရောဂါများရှိတတ်သည်။

၈၀။ တယ်လီဖုန်းမှ သတင်းဆိုးကြားရလျှင် တယ်လီဖုန်းပြောနေရင်းမှ
မူးမေ့လဲသွားတတ်သည်။

၈၀။ တယ်လီဖုန်းမှ သတင်းဆိုးကြားရလျှင် တယ်လီဖုန်းပြောနေရင်းမှ
မူးမေ့လဲသွားတတ်သည်။

၈၁။ အလွန်တော်သောမိန်းမများသည် အသုံးမကျသော (သို့) အလွန်မာနကြီးသော
ယောက်ျားများကို ကြိုက်နှစ်သက်ကြသည်။

၈၂။ အလွန်ထက်မြက်သော မိန်းမများ၏ အိမ်ထောင်ရေးသည် အဆင်မပြေ။

၈၃။ လူငယ်များ၏ နာမည်အများစုမှာ ခေါ်ရခက်သော တောက်ညင်ကတ်ဖွယ်နာမည်များ
ဖြစ်လေ့ရှိသည်။

၈၄။ တခါတရံ မည်သို့မျှ တွေးတောယူဖွယ်မရလောက်သော နာမည်မျိုးရှိသည်။

၈၅။ ထိုတောက်ညင်ကတ်ဖွယ်နာမည်ဆိုးကို မည်သူကမျှ စခြင်းနောက်ခြင်း
ပြောင်လှောင်ခြင်းမပြုကြ။

၈၆။ ယောက်ျားနောက် ခိုးရာလိုက်ပြေးသွားသော မိန်းကလေးများသည် မိဘများအား
ခိုးရာလိုက်သွားပြီဖြစ်ကြောင်း .. လိုက်မရှာရန် နှင့် ခွင့်လွှတ်စေချင်ကြောင်း
.. အစရှိသဖြင့် စာရေးထားတတ်ကြပြီး .. အိပ်ယာပေါ် သို့မဟုတ် အိပ်ယာဘေးက
စားပွဲပေါ်တင်ထားလေ့ရှိကြသည်။

၈၇။ ထိုစာအများစုတွင် သမီးမိုက် ဆိုသော စာသား ပါလေ့ရှိသည်။

၈၈။ ယောက်ျားလေးအများစုကတော့ မိဘကို မိန်းမခိုးမည့်ကိစ္စနှင့်ပါတ်သက်ပြီး လုံးဝ
အသိပေးလေ့မရှိ။

၈၉။ နှဲသံကြားပါက (နာတာရှည်) မမာမကျန်းဖြစ်နေသူများ သေတတ်သည်။

၉၀။ ယောက်ျားလေးများ၏အခန်းသည် လူမနေသည့်အခန်းကဲ့သို့
အစဉ်အမြဲရှင်းလင်းနေတတ်ပြီး သန့်ရှင်းနေလေ့ရှိသည်။

၉၁။ အိမ်ဖေါ်မိန်းမများ၊ ခြံစောင့်များသည် အိမ်ရှင်၏ သမီးအား မမလေး ဟုသာ
ခေါ်လေ့ရှိသည်။

၉၂။ အခုနောက်ပိုင်းတွင် ပေါ့ပေါ့ပါးပါးစကားများကိုပင် လေးနက်အောင် တမင်ကြိုးစား
ဖျစ်ညှစ်ပြောတတ်သော အကျင့်များရှိလာကြသည်။

၉၃။ လူကြားထဲတွင် အိနြေ္ဒပျက်လောက်အောင် တကိုယ်လုံးနှင့် လက်များရမ်းခါလှုပ်ပြီး
စကားပြောတတ်သူများကို .. မထူးခြားသယောင် ဆက်ဆံပြောဆိုတတ်ကြသည်။

၉၄။ လူငယ်များသည် ပူအိုက်သောရာသီမှာပင် အနွေးထည်များဝတ်ဆင်ကြလေ့ရှိသည်။

၉၅။ ကျောင်းသားကျောင်းသူ အများစုမှာ စာကြိုးစားသည်ကို မတွေ့ရ။

၉၆။ ဖယောင်းတိုင်များထွန်းထားလျှင် အလွန်ပင်ရိုမန်တစ်ဖြစ်သည်။

၉၇။ သင်္ကြန်လည်ရာတွင် မည်သူမျှ အရက်မသောက်ကြ။

၉၈။ နိုင်ငံခြားသွားပြီး ပညာသင်လာပါက မြန်မာပြည်တွင် အလွန်အောင်မြင်သော
စီးပွားရေးလုပ်ငန်းရှင် (သို့) ပညာရှင်အဖြစ် ရပ်တည်နိုင်သည်။

၉၉။ ယောက်ျားဖြစ်ပြီး နှုတ်ခမ်းမွှေးမရှိရင် အတုတပ်ထားတတ်ကြတယ်။

၁၀၀။ မြန်မာလူမျိုးများသည် မည်မျှပင် ဒေါသထွက်စေကာမူ ဆဲဆိုခြင်းမပြုကြ။

ပစ်တာလည်းပစ်ပေါ့ နည်းနည်းတော့သတိထား

မြို့မှာ တက္ကသိုလ်သွားတက်တဲ့သားပြန်လာတော့ တောမှာနေတဲ့ အဖေက(ရိုးရိုးအအ) ဒီလိုပြောတယ်

အဖေ။ ။''ငါ့သား မြို့ မှာကျောင်းသွားတက်တာ ပညာကိုကြိုးစားသင်နော်။ အပျော်အပါးတို့ လောင်းကစားတို့မလုပ်နဲ့ ကြားလား''
သား။ ။ ''မလုပ်ပါဘူးအဖေရယ်။ တစ်ခါတစ်ရံပိုကာလေးဘာလေးတော့ ပစ်တာပေါ့။''

အဖေ။ ။ ''အေး အေး။ ပိုကာပစ်ရင်လည်း သေချာကြည့်ပစ်။ မျက်စိမျက်နှာ မှန်ဦးမယ်။''

အလွန်အေးတဲ့ဆောင်းတမနက်မှာ ကိုရီးယားသားတယောက်ဟာ ထုံးစံအတိုင်း နှင်းလျှောစီးဘို့ မိန်းမကိုနှုတ်ဆက်ပြီး ထွက်ခဲ့တယ်။
လမ်းရောက်မှ ရာသီဥတုက အရမ်းဆိုးလာတော့ လှည့်ပြန်လာပြီး

'အားးးးးးးးးး ဒီနေ.ရာသီဥတုကတော်တော်ဆိုးတာပ'ဲလို.ပြောပြီးမိန်းမဘေး ပြန်ဝင်အိပ်ချိန်မှာ မိန်းမက လှည့်မကြည့်ပဲပြန်ပြောလိုက်ပုံက
'ဒါတောင်အိမ်ကကောင်ကြီးက နှင်လျှောစီးဖို.သွားသေးတယ်' တဲ့။

တစ်ခါက ဆိတ်တစ်ကောင် က မောင်အေးရဲ့ ခြံထဲက ဟင်းသီးဟင်းရွက်တွေ စားပြီးဖျက်ဆီး
ပစ်လို့ မောင်အေးက ရိုက်သတ်လိုက် သတဲ့။

အဲ့ဒီတော့ ဆိတ်ပိုင်ရှင် မောင်ခွေး က တင်းပြီး ထင်းတုံး နဲ့ ပေါက်လိုက်တာ မောင်အေးမိန်းမ ကိုမှန်ပြီးကိုယ်ဝန်
သုံလပျက်ကျသွာတယ်။
ဒီလိုနဲ့ အချင်းများပြီး ရပ်ကွက်ကောင်စီ တရားရုံးကို ရောက်လာတော့ တရာသူကြီး က အဖြစ်အပျက် အစုံအလင်ကို နားထောင်ပြီး စီရင်ချက်ချလိုက် ပုံက မောင်အေး က မောင်ခွေး ရဲ့ဆိတ်ကို သတ်လို့ ဆိတ်တစ် ကောင်ပြန် အစားပေးစေ။

မောင်ခွေး က မောင်အေး မိန်းမ ကိုယ်ဝန်သုံးလ ပျက်ကျအောင်လုပ်လို့ မောင်အေး မိန်းမကို ကိုယ်ဝန် သုံးလ ရှိ အောင်ပြန်လုပ်ပေးစေတဲ့။

နွားသိုးခြံတစ်ခုမှာ ပေါ့
နွားသိုး က ၃ကောင်ရှိတယ် နွားမက ၁၀၀ ရှိတာပေါ့....နွားသိုး ၃ကောင်က
ခွဲတန်နဲ့နွားမတွေကိုပိုင်ကြတယ် အကြီးဆုံးကောင်က ၅၀ ပိုင်တယ်
အလတ်ကောင်က ၃၀ . အငယ်ဆုံးကောင်က ၂၀ ပေါ့

တစ်နေ့မှာ ခြံရှင်က နွားပေါက်နုန်းနည်းလိုဆိုပြီးနွားသိုတစ်ကောင်ထပ်ဝယ်တော့
နဂိုရှိတဲ့ ၃ ကောင်က မကျေနပ်ဘူး သူတိုရဲနွားမတွေခွဲပေးရမှာဆိုတော့..
သူတို ၃ ကောင်တိုင်ပင်တာပေါ့ အကြီးဆုံးကောင်က စပြီးပြောတယ် "

ငါကတော့တစ်ကောင်မှမခွဲပေးနိုင်ဘူးကွ " အလတ်ကောင်ကလည်း "ငါလည်းမပေးနိုင်ဘူး"
ဒေါသတွေထွက်နေကြတာပေါ့ ၃ကောင်စလုံး.....
ခဏနေတော့ ခြံရှင်ဝယ်လိုက်တဲ့နွားသိုးအသစ်က ရောက်လာရော ၁၀ ဘီးကားနဲခြံထဲဝင်လာတယ်
ကားပေါ်ကနေ နွားသိုးကြီးလည်းဆင်းလာရော ၁၀ဘီးကားက ခေါင်းတောင်ထောင်သွားတယ်
နွားသိုး ၃ကောင်လန့်သွားတာပေါ့ ဒါနဲအကြီးဆုံးကောင်က "ငါတော့ ၂၀
ကောင်လောက်ခွဲပေးလိုက်တော့မယ်ကွာ အလတ်ကောင်ကလည်း အေးငါလည်း ၁၀
ကောင်လောက်တော့ခွဲပေးမှဖြစ်မယ်ကွ"

အငယ်ဆုံးကောင်ကဘာမှမပြောဘူး နှာမှုတ်လိုက် ခွာယှက်လိုက်ပဲလုပ်နေတယ်.....ဒါနဲ့
အကြီး ၂ ကောင်ကမေးတာပေါ့ "ဟဲကောင်မင်းလဲနဲနဲခွဲပေးလိုက်လေကွာ မင်းနာအုံးမယ်"
ပေါ့ဒါနဲ့အငယ်ကောင်ကပြန်ပြောတယ်" အေးငါသိတယ်ကွ
ငါ့ကိုအထီးမှန်းသိအောင်ငါလုပ်ပြနေတာ မင်းတို့သိရဲ့လားတဲ့"

ကျား ။ ။ မင်းနေရာ သွားမလား၊ ကျူပ်နေရာ သွားမလား။
မ ။ ။ရှင်က ရှင့်နေရာသွား၊ ကျွန်မက ကျွန်မနေရာသွားမယ်။

ကျား ။ ။ ကျွန့်တော့်ကိုယ်ကို ခင်ဗျားဆီ လှူချင်ပါတယ်။
မ ။ ။ ၀မ်းနည်းပါတယ်။ ကျွန်မ လက်ဆောင် အပေါစား လက်မခံပါဘူး။

ကျား ။ ။ ဒီထိုင်ခုံ အားနေသလား။
မ ။ ။ အားပါတယ်။ ရှင် ထိုင်ချရင် နောက် ထိုင်ခုံ တစ်ခုလည်း အားသွားပါလိမ့်မယ်။

ကျား ။ ။ မင်းငါ့တတိယ မယားနဲ့တူတယ်
မ ။ ။ ရှင်ဘယ်နှစ်ခါ လက်ထပ်ဖူးလဲ

ကျား ။ ။ ၂ ခါ

ကျား။ ။ မိန်းမ မင်းခုဘာလုပ်နေလဲ?

မ ။ ။ စာဖတ်နေတယ်လေ...

ကျား။ ။ ဘာစာလဲ

မ ။ ။ ဘာလုပ်မလို့လဲ...တရားစာပေါ့... ရှင်ကဖတ်ချင်လို့လား

ကျား။ ။ ဟင့်အင်း...ဒါပေမဲ့ ဖက်တော့ဖက်ချင်တယ်...
မ ။ ။ ဒါများဖတ်ပေါ့...

ကျား။ ။ လာလေ...ဖက်မယ်...
မ ။ ။ ရော့ ဖတ်လေ....ကျုပ်တော့ သားနဲ့သွားအိပ်တော့မယ်...

မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်

ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း ?
မနီ အိပ်အိုက်နေသဖြင့် မကြားသော်ကြောင့် သူမ နောက် တွင် ထိုင်နေ သော ကို ဖြိုးမှ ဘော့ပင်နှင့် ထိုး၍ သ တိ ပေးလိုက် သည်။ ထိုအခါ -

ဆရာမ။ ။ " ဘုရားသခင်" ( လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။

ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲ သမီး ?
ဆရာမ မေး သည် ကို မနီ မကြား ၊ အိပ် လို့ ကောင်း နေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန် သည်။

မနီ။ ။ (လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက် တဖန်အိပ်ပျော်ပြန်လေသည် ) " ဂျီးဆပ် ခရိုက်စ်"

ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက် ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ????
ဒီတစ်ခါ တော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍ သတိပေးလိုက် သည်။မနီ အတော် နာ သွား သည်။ထို့ကြောင့် အိပ် ယာ မှ နိုး လာ သဖြင့် ရုတ်တရတ် ထလိုက် ကာ -

မနီ။ ။ နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ ထိုးကြည့် ၊ နင့် ဟာ ကို ထက်ပိုင်း ချိုးပစ်မယ်

မောင်ချစ်။ ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား?
ဇနီးဖြစ်သူ။ ။ ဟင့်အင်း... ကျွန်မညီမနဲ့ပဲ နေမှာ။ ဒါနဲ့ ရှင်ကော ကျွန်မ သေသွားရင် နောက် အိမ်ထောင် ပြုမှာလား?
မောင်ချစ်။ ။ ဟင့်အင်း... ငါလဲ မင်းလိုပဲ မင်းညီမနဲ့ပဲ နေမှာပေါ့။

"မေမေ၊ ကျွန်တော် ယင် ငါးကောင်ကို သတ်လိုက်တယ်၊ နှစ်ကောင်က အထီး၊ သုံးကောင်က အမ" ငါးနှစ်သား လူငယ်လေးက သူ့မိခင်ကိုပြောလိုက်သည်။
"ဟုတ်လား၊ ဒါနဲ့ သားက ယင်ကောင် အထီးနဲ့ အမ ဘယ်လိုခွဲသလဲကွဲ့။"
"အော်…ဒါလား နှစ်ကောင်က ဘီယာပုလင်းပေါ်မှာ၊ သုံးကောင်က ကြည့်မှန်ပေါ်မှာ နားနေကြတာလေ"

မိန်းခလေးနှစ်ယောက် စားသောက်ဆိုင်တွင်စကားပြောနေကြသည်။
ပထမ မိန်းခလေး......ငါ့မှာရည်းစားနှစ်ယောက်ရှိတယ်။တစ်ယောက်ကချမ်းသာတယ်၊တစ်ယောက်က
ရုပ်ချောတယ်။ဒါဆိုဘယ်သူ့ကိုရွေးရမလဲဟင်။

ဒုတိယမိန်းခလေး......လွယ်ပါတယ်။ ရုပ်ချောတဲ့သူနဲ့ ဆက်တွဲနေပေါ့။ လက်ထပ်တဲ့ခါမှ ချမ်းသာတဲ့သူနဲ့ လက်ထပ်လိုက်။

တခါက
အရူးတွေကို ခုနှစ်ထပ်ရှိတဲ့အရူးထောင်မှာထား တယ်တဲ့ တနေ့ကျတော့ အရူး
တွေအော်နေကြ တယ် " ၂၂ " ဆိုပြီးတော့ အဲဒါနဲ့တာဝန်ကျဆရာဝန်ကလည်း
ထူးဆန်းတယ်ဆိုပြီး မြေညီထပ်ကအရူးတွေကိုသွားမေးတယ်
အရူးတွေကအပေါ်ထပ်ကအော်လို့အော်ရတာပါတဲ့။ ဒါနဲ့ ဆရာဝန်လည်း ဒုတိယထပ်ကိုတက်သွားပြီးမေးပြန်တယ်။ ဒုတိယထပ်က အရူးတွေကကျတော့နဲနဲအဆင့်မြင့်လာတယ် စာတန်းတွေဘာတွေနဲ့ပေါ့ သူတို့ကလည်းအပေါ်ကအော်လို့အော်ရတာပါလို့ဖြေပြန်တယ်။ ဒါနဲ့ထပ်တက်ပြန်တာပေါ့။ တတိယထပ်ကျတော့ မိုက်ကရိုဖုန်းတွေဘာတွေနဲ့အော်နေကြတာပေါ့။ သူတို့ကလည်း အပေါ်ကအော်လို့အော်ရတာပါလို့ပြောပြန်ကော။ ဒီလိုနဲ့ တစ်ထပ်ပြီးတစ်ထပ်တက်ရင်းတက်ရင်းနဲ့ နောက်ဆုံးထပ် ခုနှစ်လွာကိုရောက်တော့ အဲအထပ်မှာက ဂိုဏ်းစတား အရူးတွေကြီးပဲရှိတယ် ဒါနဲ့ဆရာဝန်ကထုံးစံတိုင်းမေးပြန်ရောတဲ့ အရူးတွေကဘာမှမပြောဘူး ပြတင်းပေါက်ကို လက်ညိုးထိုးပြတယ် ဆရာဝန်ကလည်းဘာများလည်းဆိုပြီးသွားကြည့်တာပေါ့ အဲချိန်မှာအရူးတွေက ဆရာဝန်ကိုခြေထောက်ကနေကိုင်ပြီး ပြတင်းပေါက်ကနေပစ်ချလိုက်ကြတယ်။ ပြီးတော့
သူတို့အားလုံးအော်လိုက်တာက ၂၃ ၂၃ တဲ့

မိန်းမဖြစ်သူသည်ယောင်္ကျား၏ ပုဆိုးအပြဲကိုချုပ်ပေးနေရင်းလှမ်းပြောသည်။
မိန်းမ၊ ၊`ရှင်တို့ ယောင်္ကျားတွလေ ကျမတို့ မိန်းမတွေမရှိရင် တော်တော်စိတ်ညစ်ရမယ်၊
မိန်းမတွေရှိနေလို့သာရှင်တို့ပုဆိုးတွေ၊ ဘောင်းဘီ၊အင်္ကျီတွေချူပ်ပေးမဲ့သူရှိတာ´

ယောင်္ကျား၊ ၊`အိုမရှိမဖြစ်ဟုတ်ပါဘူးကွာ၊ငါတို့ အဲဒီဘောင်းဘီ၊ပုဆိုးတွေ ၀တ်ရတာလည်း မင်းတို့မိန်းမတွေရှိနေလို့ကွ၊မိန်းမတွေမရှိရင် ငါတို့ဘာမှဝတ်စရာ မလိုဘူးကွ´

လူတစ်ယောက်ကသူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။
သို့ကြောင့်လည်းနွားငှားရန် သူဌေးကြီးထံစာရေးကာ တပည့်တစ်ယောက်ကို
စေလွှတ်လိုက်သည်။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီးသည်
ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။
စာမတတ်သည်ကိုရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။

သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။
``ငါသိပါတယ်ကွာ´´
သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။
``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ ဟုတ်လား´´

အမျိုးသမီး၏နောက်သို့ လူငယ်တစ်ယောက် ပြေးလိုက်လာပြီးပြောသည်။
``ဒီမှာခင်ဗျာ၊ ဒီမှာခင်ဗျာ´´
အမျိုးသမီး ပြန်လှည့်ကြည့်ပြီး မေးသည်။
``ကျွန်မကိုခေါ်တာလား ဘာကိစ္စလဲ´´
``ဘတ်စ်ကားပေါ်မှာ ထီးမေ့ကျန်ခဲ့တာ ခင်ဗျားလား´´

အမျိုးသမီးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
``ဟုတ်ပါရဲ့ ကျွန်မ ထီးမေ့ကျန်ခဲ့တယ်´´
``အဲဒါဆိုမြန်မြန်ပြေးလိုက်၊ကားကအခုမှ စထွက်ကာစပဲရှိသေးတယ်။´´

လင်မယားနှစ်ဦးကွာရှင်းပြတ်ဆဲမည်ဟု ရုံးတော်သို့ရောက်လာသည်။
ယောင်္ကျားဖြစ်သူက...ဒီမိန်းမအားကွာရှင်းချင်ပါတယ်...
တရားသူကြီးက.....သီးမခံနိုင်အောင်ဘာကြောင့်များလဲ

ယောင်္ကျားဖြစ်သူက...ဒီမိန်းမနဲ့ လက်ထပ်ပြီးတဲ့နှစ်၂၀လုံးလုံးမှာ သူစိတ်တိုင်းမကျရင်တွေတဲ့အရာနဲ့ကောက်ကောက်ပေါက်ပါတယ်။ဒါကြောင့်သီးမခံနိုင်တာပါ။
တရားသူကြီးက....နှစ်၂၀လုံးသီးခံပြီးမှဘာလို့ရုံးတော်ကိုလာတိုင်ရတာလဲ။
ယောင်္ကျားဖြစ်သူက...ဒီမိန်းမရဲ့လက်ကအခုမှပိုပြီးလက်တည့်လာလို့ပါ...

အသက်၄၀ခန့်ရှိသောလူပျိုသိုးကြီးသည် မိဘများအား အိမ်ထောင်ပြုချင်ကြောင်း ဖွင့်ဟပြောသည်။
ထိုအခါမိဘဖြစ်သူတို့ က သားအကြာင်းသိသဖြင့် ဒါဆိုမေမေတို့က
မင်းနဲ့ရှေ့သွားနောက်လိုက်ညီမဲ့ အသက်၃၀ကျော်မိန်းခလးတစ်ယောက်ရှာပေးမယ်နော်။
ထိုအခါလူပျိုသိုးကြီးက မျက်နှာငယ်လေးဖြင့်....... မေမေတို့စကားလည်းနားထောင်ပြီးသားဖြစ်အောင် သားလိုချင်တာလည်းဖြစ်အောင်

အသက်၁၆နှစ်အရွယ် နှစ်ယောက်ယူလို့မရဘူးလားမေမေ...

လမ်းတွင် ဖိနပ်အနီတစ်ဖက်၊ အနက်တစ်ဖက်မှား စီးလာသော ကလေးတစ်ဦးကိုတွေသဖြင့် လူကြီးတစ်ဦးက...
`ဟေ့ချာတိတ် မင်းဖိနပ်အနီတစ်ဖက် ၊အနက်တစ်ဖက် ဖြစ်နေတယ်၊ အိမ်ပြန်လဲလိုက်အုံး´
ဟာ...အိမ်ပြန်လည်း မထူးပါဘူး ဦးဦးရာ...
`ဘာဖြစ်လို့လဲကွ`
`အိမ်မှာလည်း ဖိနပ်အနီတစ်ဖက်၊အနက်တစ်ဖက်ပါဘဲဗျာ.

ဒီအမျိုးသမီးကို ခင်များ ဘာလို့အဓမ္မ ကျင့်ရတာလဲ" တရားခံကို တရားသူကြီးကမေးသည်..။
"သူ့ကို ကျနော်ကြိုက်လို့ပါ"ဟုတရားခံက မျက်လုံးနှစ်ဖက် ကို လက်နှင့်ပိတ်ရင်းပြန်ဖြေသည်..။
"ဒီယောက်ျားကိုရော ဘာဖြစ်လို့အဓမ္မ ကျင့်ရပြန်တာလဲ "ဟုတရားသူကြီးကထပ်မေးသည်..။

"သူ့ကိုကျနော်ကြိုက်လို့ပါ "ဟုတရားခံကမျက်လုံးနှစ်လုံးကို လက်ဝါးဖြင့်ပိတ်ရင်းပြန်ဖြေသည်။
'ဒါနဲ့နေပါအုံး ခင်များဘာဖြစ်လို့ မျက်လုံးကိုလက်နှစ်ဖက်နဲ့ ပိတ်ပြီးဖြေနေရတာတုန်း "
"တရားသူကြီးမင်းကိုလည်း ကျနော်ကြိုက်နေလို့ပါ..။"

အမျိုးသမီး နှစ်ယောက် တစ်နေ့လက်ထပ်ရင် ဘယ်လိုယောင်္ကျားမျိုးကိုရှာပြီး လက်ထပ်ရမည့် အကြောင်းပြောနေကြသည်။

ပထမမိန်းမ။ ။ငါယူတဲ့ယောင်္ကျားကချမ်းသာတဲ့သူဖြစ်ရမယ်။ သဘောကောင်းတဲ့သူဖြစ်ရမယ်။ ရုပ်ချောတဲ့သူဖြစ်ရမယ်။
ဒုတိယမိန်းမ။ ။အို..........ဒါဆို နင်ကယောင်္ကျား ၃ ယောက်တောင်ယူမှာလား

ယောင်္ကျားဖြစ်သူသည် ဘာခိုင်းခိုင်းအလွန် အပျင်းထူသည်။ မိန်းမဖြစ်သူသည်အားလပ်ချိန်တွင်ယောကျာင်္းကိုခြံထဲဆင်းပြီး သစ်ပင်စိုက်စေချင်သည်။
သို့သော် တော်တော်နဲ့ခိုင်းလို့ရမည်မဟုတ်။တစ်နေ့တွင် အကြံရကာမိန်းမဖြစ်သူက......

`ရှင်ခြံထဲဆင်းပြီးဘာမှမလုပ်တော့ဘူးလား၊သြော်အင်းလေ မလုပ်နိုင်ရင်လဲနေပါစေ။ အသက်လည်းရလာပြီဆိုတော့ အဘိုးကြီးလည်းဖြစ်တော့မှာဘဲလေ´
မကြာမီ သူ၏ယောင်္ကျားထပြီးခြံထဲဆင်း အလုပ်လုပ်လေသည်။

သူခိုးတစ်ယောက်သည် အိမ်ခန်းတစ်ခန်းထဲသို့ သော့တူနှင့် ဖွင့်ပြီး ဝင်လာသည်။ လေးနှစ် အရွယ်ရှိ ချာတိတ်တစ်ယောက်ကို မထင်မှတ်ဘဲ တွေ့လေသည်။
“ ဟေ့ ချာတိတ် ...မင်းအဖေနဲ့ အမေ အိမ်မှာ ရှိလား ”
“ မရှိဘူး ”
ချာတိတ်လေး ဖြေပြီး တစိမ်းကို ယုံကြည်သည့် မျက်လုံးများဖြင့် ကြည့်သည်။
“ အဲဒါဆို ရေတစ်ခွက်လောက် ယူခဲ့ ပေးပါ့လားကွာ ”
ဤသို့ပြောပြီး သူခိုးက တွေးသည်၊ ချာတိတ်လေး ရေသွားယူနေတုန်း၊ အဝတ်ဘီဒိုကို ဖွင့်ပြီး လိုချင်တာ ယူလိုက်မည်ဟု တွေးသည်။ သို့သော် ဘီဒို ဖွင့်ရုံသာ ရှိသေးသည် ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို လှမ်းပေးလိုက်သည်။ ဘာမှ မတတ်နိုင် ရေခွက်ထဲက ရေကို သောက်ချလိုက်ရသည်။
“ နောက်ထပ် တစ်ခွက်လောက် ခပ်ပေးပါဦးကွာ ”
ဘီဒိုထဲမှ သိုးမွှေးအကျီင်္ကို ထည့်ရရုံ ရှိသေး ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို ကမ်းပေးသည်။ စတုတ္ထ အကြိမ်မြောက် ရေနောက်တစ်ခွက် ယူရန်ပြောသောအခါ ချာတိတ်လေးက ပြန်ဖြေသည်။
“ ဦးလေးကြီး ကျွန်တော် မယူလာနိုင်တော့ဘူး..... ရေပိုက်ခေါင်းကို ကျွန်တော် လက်နဲ့ မမှီဘူး၊
အိမ်သာထဲက ရေကလည်း ကုန်နေပြီ ခင်ဗျ ”

“ အဝတ်အစားတွေကို လျှော်ဖို့ အမျိုးသမီးလေး တစ်ယောက်ကို ခင်ဗျား ငှားထားတယ် မဟုတ်လား။ ဘာ့ကြောင့် ကိုယ်တိုင် လျှော်နေရတာလဲ ဗျာ။ ” ဟု အသိတစ်ယောက်က မေးသည်..။
ထိုအခါ မေးခံရသည့် ယောင်္ကျားက မသာမယာ မျက်နှာဖြင့်.....“ သူ့ကို ကျွန်တော် ယူလိုက်ပြီလေဗျာ ” ဟု ဖြေလေသည်။ သြော်...ယူမိသည့် တာဝန်များနော်............ ...

လေယာဉ်တစ်စီး ... စက်ချို.ယွင်းနေတော့ ခရီးသည်တွေ အားလုံး စိုးရိမ်ပူပန်နေကြပြီ ..။
အားလုံးက ဘုရားတလို့ ... အဲဒါကို Pilot က လေယာဉ်မယ်ကို ခရီးသည်တွေကို အားပေးစကားပြောဖို. လွှတ်လိုက်တဲ့ အခါ ... လေယာဉ်မယ်က ချိုချဉ်ဗန်း လေး ကိုင်လို. အပြင်ထွက်သွားပြီး .... " ကဲ ... ခရီးသည်များရှင် ... မသေခင်လေး ... အချိုတည်းကြရအောင် ... " တဲ့ ...

စိတ်ရောဂါ ဖြစ်နေကြသူ ကိုစကူ နဲ့ ကိုဇော်ဂျီ တို့ ငှက်ပျောသီး စားနေကြသည်။ ကိုဇော်ဂျီ က ပြောသည်။
`ဟေ့... မင်းဘာဖြစ်လို့ အခွံမနွှာသလဲကွ´
စကူပြန်ဖြေသည် `ဘာ နွှာစရာလိုသလဲ ၊ အထဲမှာ ဘာရှိတယ်ဆိုတာ ငါသိပြီးသားပဲဟာ ´

တစ်ခါက တောသားတစ်ယောက်ဟာ မြို့တက်လာတယ်။ သူဟာ မြို့က အဆောက်အဦအမြင့်ကြီးတွေကို ကြည့်ပြီး အထပ်ပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ ရေတွက်နေလေရဲ့။ အဲဒီမှာ မြို့သား လူလည် တစ်ယောက်ရောက်ချလာပြီး.... ....

( မြို့သား)။ ။ “ဒီမှာ၊ ဒီမှာ၊ ကျွန်တော်တို့မြို့မှာ အဆောက်အဦးတွေကို ဒီလို ရေတွက်ချင်တိုင်း ရေတွက်လို့မရဘူးဗျ။ အထပ် တစ်ထပ်ကို 100 နှုန်းနဲ့ ရေရတယ်။ အခု ခင်ဗျား ရေထားတာ ဘယ်နှစ်ထပ် ရေ ပြီးပြီလဲ”။

(တောသား) ။ ။ “သြော်၊ ကျွန်တော် 10 ထပ်ပဲ ရေရပါသေးတယ်”။....

( မြို့သား)။ ။ “ဒါဆို ကျွန်တော့်ကို 1000 ပေး။ ခင်ဗျားကို ကျွန်တော် ရေတွက်ခွင့် လက်မှတ်ပေးခဲ့မယ်။ ဒါနဲ့ တောသားဟာ မြို့သားကို ပိုက်ဆံ 1000 ပေးလိုက်ပြီး သူတွေးနေတာက

“ သြော်၊ မြို့သားများ လည်တယ် လည်တယ်နဲ့ ငါနဲ့တွေ့တော့ ခံလိုက်ရတာပဲ။ ဟီးဟီးဟီး................ .. ငါကဖြင့် ၁၅ ထပ် လောက်တောင် ရေပြီးပြီ ” တဲ့။
:)

ကျောင်းသားလေးတစ်ယောက်ကို သူ.အမေက ကျောင်းလာအပ်တယ် ... သူ.သားက အရမ်းတော်လွန်း၊ ဥာဏ်ထက်လွန်းလို့ သူငယ်တန်းကနေ စမတက်ဘဲ သုံးတန်းကနေ ထားပေးပါလို့ တောင်းဆိုတယ်တဲ့ ... အဲဒါနဲ့ ကျောင်းအုပ်ဆရာကြီးကလည်း စာမေးတာပေါ့ ...
ကျောင်းအုပ်။ ။ ငါး .. ငါးလီ ...
ကလေး ။ ။ နှစ်ဆယ့်ငါး
ကျောင်းအုပ်။ ။ သုံး .. သုံးလီ ..
ကလေး ။ ။ ကိုး
ကျောင်းအုပ်။ ။ ကိုး ... ကိုးလီ ..
ကလေး ။ ။ ရှစ်ဆယ့်တစ်
ကျောင်းအုပ်။ ။ တော်လိုက်တဲ့ ကလေး .. ကဲ .. သွားကွာ .. သုံးတန်း ...

ဒါပေမဲ့ .. သုံးတန်းဆရာမက ကဲ ဒီအတိုင်းတော့ မရဘူး ... ငါလဲ မေးဦးမယ်ဆိုပြီး စစ်ပါလေရောတဲ့ ....
ဆရာမ။ ။ သားလေး ... ဆရာမတို့မှာ နှစ်ခု ပဲ ရှိတယ် ... နွားမှာ လေးခု ရှိတယ် .. အဲဒါ ဘာလဲ ....
ကလေး။ ။ ခြေထောက်ပေါ့ ချာမရဲ့ ....
ဆရာမ။ ။ ဒါဆို သားလေးရဲ. အောက်မှာ နှစ်ခု ရှိတယ် ... ဆရာမဆီမှာ တစ်ခုမှ မရှိဘူး ... အဲဒါရောဘာလဲ ...
ကလေး။ ။ အိပ်ကပ်ပေါ့ .. ချာမဆီမှာ ရှိမှ မရှိတာ .. သားသားမှာ နှစ်ခု ..
ဆရာမ။ ။ ဟားးးးးး ... တယ်တော်တဲ့ ကလေးလေးပဲ .. အိုကေ .. သား သုံးတန်းမှာ .. တက်ခွင့်ရသွားပြီ ...
ကျောင်းအုပ်။ ။ နေ .. နေ ပါအုံး .. ဆရာမရယ် ... ဒီကလေးကို ငါးတန်းပဲ ပို့လိုက်ပါ .. ကျွန်တော် တွေးတာနဲ့ သူဖြေတာ တစ်ခြားဆီပဲ ....

ရုပ်ပြ ဟာသ

ဟာသများ

ဟာသစုစည်းမူ

ကျွှန်တော့ မိတ်ဆွေတွေ ဝေမျှသွားတာတွေကို စုစည်းတင်ပြခြင်းသာ ဖြစ်ပါတယ် . ...
ကိုယ်ပိုင်ရေးသားခြင်းမျိုး မဟုတ်ပါ...
အားလုံးသော စာဖတ်သူများအား ပျော်ရွှင်စေခြင်းသာ ရည်ညွှန်းပါသည်

ရုပ်ပြ ဟာသများ