မြန်မာ ဟာသများ ( Comedy Collection )

မေးထဲရောက်လာသော ဟာသများ စုစည်းမူ

မောင်ရိုးဆိုသူ လူငယ်တစ်ဦးအားမိဘများက အိမ်ထောင်ပြုရန်ပြောသည်။ မိဘများသဘောတူနေသောမိန်းခလေး အရုပ်ဆိုးသောလည်း အလွန်ချမ်းသာသည်။ မောင်ရိုးကြိုက်နေသောမိန်းခလေးမှာ ဆင်းရဲသော်လည်းချောလှ၏။

ကဲ...မောင်ရိုး မင်းကြိုက်နေသောမိန်းခလေးးကိုယူမလား။ ငါတို့ပေးစားမဲ့မိန်းခလေးကိုယူမလား။
မောင်ရိုး သေချာစဉ်းစားပြီးမှ မိဘများကိုပြောလိုက်သည်....
အမေတို့သဘောတူတဲ့မိန်းခလေးအိမ်မှာထမင်းစားသောက်ပြီး ........သားကြိုက်
တဲ့မိန်းခလေးအိမ်မှာအိပ်မယ်ဗျာ နော်....

မ။............ ။ မောင်ရေ.. မ အလှပြင်ပြီးပြီ၊ သွားရအောင်
မောင်။......။။ နေပါအုန်း.. ငါ မုတ်ဆိတ်ရိတ်နေသေးတယ်။
မ။............။ မုတ်ဆိတ်ရိတ်တာ ဒီလောက်ကြာသလား? မ တောင် ပြင်ပြီးနေပြီ..
မောင်။......။ နင်အလှပြင်တာကို စောင့်ရင်း ရိတ်ပြီးသား ငါ့မုတ်ဆိတ်တွေ
ထပ်ရှည်လာလို့ နောက်တစ်ခေါက် ထပ်ရိတ်နေတာ။

"မ ဝလာလည်း ချစ်မှာပဲ။ ဝဝကစ်ကစ် မ ခန္ဓာကို ပွေ့ခေါ်မယ်။ အသက်အရွယ်ကြီး
အိုမင်းသွားတဲ့အထိ မကို အမြဲချစ်မယ်။ မကို အမြဲဖက်မယ်" ဟု သစ္စာဆိုသည်။

နှစ်အနည်းငယ် ကြာသော်
မ။.......... ။ မောင် မကိုပွေ့ပါအုန်း
မောင်။.....။ ဒီခန္ဓာကိုယ်နဲ့ ငါ့ ခါးကျိုးအောင် လုပ်နေတာလား?

မ။..... ။ မောင်ရေ မကို ပွေ့ပါအုန်း
မောင်က မကို ပွေ့ပြီး ကုတင်ပေါ် တင်ပေးလိုက်တယ်။
နှစ်အနည်းငယ်ကြာသော်
မ။........... ။ မောင်ရေ မကို ပွေ့ပါအုန်း
မောင်။..... ။ ခြေထောက်ကျိုးနေပြီလား?

မ။.....။ အရင်က ဒီနေရာမှာ မကို မောင် ပွေ့ဖက်ဖူးတယ်နော်။ ခုဖက်ပါအုန်းလားမောင်
မောင်။.... ။ လူတွေရှေ့မှာ ဖက်ရအောင် ရူးနေလား?

လူစည်ကားရာ နေရာတစ်ခုတွင် မောင်က မကို ပွေ့ဖက်လိုက်သည်။
မ။....... ။ မောင် ရူးနေလား? လူတွေကြည့်နေတယ်လေ.. ရှက်စရာကြီး
မောင်။..။ ကြည့်ကြည့်ပေါ့ မရယ်။ မောင်က ချစ်တာကို

မ။......... ။ တင်းနေအောင် ဖက်မထားနဲ့လေမောင်.. မ အသက်ရှုလို့ မဝတော့ဘူး။
မောင်။... ။ ဖက်မထားရင် မောင်အိပ်မပျော်လို့ပါ မရယ်။

နှစ်အတန်ကြာသော်
မ။......... ။ မောင်အိပ်ရင် မကို ဖက်မအိပ်တာကြာပြီနော်။
မောင်။...။။ ဖက်ပြီးအိပ်ရင် အသက်ရှုလို့ မဝဘူးဆိုတာ မသိဘူးလား။

ရုပ်ပြ ဟာသ

ဟာသစုစည်းမူ

ကျွှန်တော့ မိတ်ဆွေတွေ ဝေမျှသွားတာတွေကို စုစည်းတင်ပြခြင်းသာ ဖြစ်ပါတယ် . ...
ကိုယ်ပိုင်ရေးသားခြင်းမျိုး မဟုတ်ပါ...
အားလုံးသော စာဖတ်သူများအား ပျော်ရွှင်စေခြင်းသာ ရည်ညွှန်းပါသည်

ရုပ်ပြ ဟာသများ