မြန်မာ ဟာသများ ( Comedy Collection )

မေးထဲရောက်လာသော ဟာသများ စုစည်းမူ









လက်ထပ်ခွင့်ပန်ပြီးတဲ့အချိန်-


အမျိုးသား - အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ်
အမျိုးသမီး - ဟင်းနော်....ထားသွားလိုက်ရမလား?
အမျိုးသား- အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့
အမျိုးသမီး - တကယ် ချစ်ရဲ့ လားဟင်?
အမျိုးသား - ဒါပေါ့ ဒီထက်တောင်ပိုသေးတယ်
အမျိုးသမီး - ကျွန်မကို အရူးလုပ်မှာလား
အမျိုးသား - ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား
အမျိုးသမီး - ကျွန်မကို နမ်းချင်သလား ဟင်?
အမျိုးသား - အချိန်မရွေးပဲ
အမျိုးသမီး - နှိပ် ကော နှိပ်စက်မှာလား?
အမျိုးသား - မင်းရူးများရူးနေလားကွာ
အမျိုးသမီး - ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်?
အမျိုးသား - အင်း
အမျိုးသမီး - မောင်ရယ်...

လက်ထပ်ပြီးတဲ့အခါ....
အပေါ်က စကားလေးတွေကို အောက်ကနေသာ ပြန်စဖတ်လိုက်ပါ

တညနေ ဂေါက်ကွင်းမှ အပြန် လမ်းနဘေး ကွင်းပြင်တွင် လူနှစ်ဦး မြက်စားနေသည်ကို တွေ့မြင်လိုက်၏။
အခြေအနေကို စုံစမ်းရန် ကားမောင်းသမားကို ချက်ချင်း ကားရပ်ဖို့ အမိန့် ပေးလိုက်သည်။

“ဟေ့ လူတွေ ခင်ဗျာတို့ ဘာလို့ မြက်တွေ စားနေရ တာလဲ။”

အ၀တ်အစား စုတ်စုတ်ပြတ်ပြတ် နှင့် ဆင်းရဲသား တယောက်က

“ဟုတ်ကဲ့ ဗိုလ်ချူပ် ကျနော်တို့မှာ ဘာမှ စားစရာ မရှိတော့လို့ပါခင်ဗျာ”

ဟု သနားဖွယ် ပြန်ပြောသည်။ ဗိုလ်ချူပ်က စုတ်တချက်သတ်လိုက်သည်။

“ဒါဆို ကျူပ်နဲ့လိုက်ခဲ့ ကားပေါ်တက်။”

ဆင်းရဲသား တယောက်က

“ဗိုလ်ချုပ် ကျနော့မှာ မိန်းမနဲ့ ကလေး နှစ်ယောက်လည်း ရှိသေးတယ်။”

“အေး ခေါ်ခဲ့ကွာ။ နောက် ဟို တယောက်လည်း ခေါ်ခဲ့ကွာ။”

မြက်စားနေရသူ ဒုတိယ ဆင်းရဲသားက

“ဗိုလ်ချူပ် ကျနော့မှာ မိန်းမနဲ့ ကလေးခြောက် ယောက်တောင် ရှိပါတယ်။”

“အေးအေး အကုန်ခေါ်ခဲ့ကွာ။”

ကြင်နာ သနားတတ်သော တိုင်းမှုးက ဆင်းရဲသား နှစ်ယောက်ကို သူ့ကားပေါ် တက်စေသည်။ ကျန် မိသားစု ၀င်များကို လုံခြုံရေး အဖြစ် လိုက်ပါ လာသော ကားများပေါ် သို့ တက်စေသည်။

“လမ်းခရီးတွင် လူဆင်းရဲတဦးက ကျနော်တို့ မိသားစု ဒီလို မြက်စားနေရတာ ကြာပါပြီ။ အခုလို ဗိုလ်ချူပ်က ကရုဏာ ထားပြီး ခေါ်လာတဲ့ အတွက် သိပ် ကျေးဇူးတင်ပါတယ် ဗိုလ်ချူပ်” ဟု ပြောသည်။

ထိုအခါ တိုင်းမှုးက ဘာမှ အရေးမကြီးပါဘူးကွာ ဟူသော မျက်နှာပေးနှင့်

“အေးပါ။ အေးပါ။ မင်းတို့ အိမ်ရောက်ရင် ငါ့ကို ပိုကျေးဇူး တင်အုံးမယ်။ ငါ့အိမ်က စိုက်ထားတဲ့ မြက်တွေက နိုင်ငံခြား မြက်တွေကွ။ အခု မင်းတို့ စားနေ တဲ့ မြက်တွေထက်လည်း ပိုနုတယ်။ သိလား။ အခုမြက်တွေက တော်တော် ရှည်နေပြီ” ဟုပြောလိုက်သည်။

ရန်ကုန် က ဆောက် လက်စ အဆောက် အဦး တစ်ခု ပေါ်မှ အုတ်ခဲ တစ်လုံး လမ်းသွား တစ်ဦး. ခေါင်းပေါ်သို့ တည့်တည့် ကျခဲ့သဖြင့် ဒဏ်ရာ ပြင်း၍ ပွဲချင်းပြီး သေဆုံး သွားသည်။
လူအုပ်ကြီး ၀ိုင်းလာ ကာ တစ်ယောက် တစ်ပေါက် မကျေမနပ်ပြောကြသည်။
“လမ်းတောင် လွတ်လွတ်လပ်လပ် လျှောက်လို့မရတော့ဘူး ”
“တာဝန်ရှိသူတွေက ဒီအတိုင်း ကြည့်နေတော့ မှာလား။”
“ပြည်သူတွေ အတွက်လည်း စဉ်းစားကြပါအုံး၊”
ထိုသို့ ပြောဆိုနေစဉ် လူအုပ်ကြားမှ လူတစ်ယောက်က

“သူ့ကိုကျနော် ကောင်းကောင်း သိတယ်ဗျ။ ဒီလူ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းက လူတစ်ယောက်ဘဲ။”

လူအုပ်ကြီးထဲမှ မကျေနပ်သံများ ပို၍ကျယ်ကျယ်လောင်လောင် ထွက်လာတော့သည်။

“အဲဒီကြံဖွတ်တွေ လွန်ကို လွန်လွန်းတယ်။ ဘယ်သွားသွား သူတိုချည်းပဲ။ အခုကြည့်လေ အုတ်ခဲတောင် လွတ်လွတ်လပ်လပ် ကျဖို့နေရာ မရှိဘူး၊”


ကြပ်ပြေးနတ်ကလေး ရောက်သွားချိန်တွင် ထိုဝန်ထမ်း (၃) ဦး တီးတိုးပြောဆိုနေကြသည်မှာ ကြပ်ပြေးနေပြည်တော်တွင် တိရိစ္ဆာန်ရုံ အသစ် တည်ဆောက်မည့် အကြောင်းအရာဖြစ်၏။ သစ်တောဌာနမှ ၀န်ထမ်းဖြစ်သူက ‘ဟေ့ … မနေ့က ကိုယ်တို့ဌာနကို ဟိုကောင်တွေလာပြီး လိုအပ်သည်များ မှာစားတယ်ကွ။ အဲဒီမှာ ဘာပြောသွားသလဲဆိုတော့ နေပြည်တော်ကို မြို့တော်အင်္ဂါရပ်နဲ့ပြည့်စုံအောင် တိရိစ္ဆာန်ရုံအသစ်လည်း တည်ဆောက်မယ်လို့ မိန့်မှာသွား တယ်ကွ’ တဲ့။ အဲဒီမှာတင် တိုက်ပုံအနက်ဝတ်ထားသော တရားရေးဌာနမှ ၀န်ထမ်းပြောလိုက်သည့်စကားကို သုံးယောက် သား ရယ်မောလိုက်ကြပြန်ရာ ကြပ်ပြေးနတ်ကလေးပင် အဝေးသို့ လွင့်စင်ခဲ့ရလေ၏။ ကမန်းကတန်း ကုန်းထ တော်မူပြီး ခပ်လှမ်းလှမ်းမှ ထောက်လှမ်းရေးငနဲကို အကဲခတ်လိုက်ရာ ထိုဝန်ထမ်း (၃) ဦးအား ချိုကြည့် ကြည့်နေသည်ကို တွေ့လိုက်ရလေ၏။ ထိုတရားရေးဝန်ထမ်း ပြောလိုက်သည့် စကားကတော့ ‘ဟ … အ ထက်ကကောင်တွေအားလုံး ဒီမှာရုံးစိုက်နေမှတော့ တိရိစ္ဆာန်ရုံထပ်ဆောက်ဖို့ လိုသေးလို့လား’ ဟူ သတည်း။

လူတစ်ယောက်က အသားအရမ်းမည်းလို့ လူတွေက သူ့ကို မြို့ကနေ မောင်းထုတ်လိုက်သတဲ့။
ဒါနဲ့ သူက လူတွေကိုစိတ်နာပြီ: သဲသောင်ပြင်ဘက်ထွက်သွားတယ်။
အဲ့မှာ သူက ရေအရမ်းဆာနေတာပေါ့လေ အဲ့ဒါနဲ့ သူက သေခါနီးအချိန်ကိုရောက်လာရော…
သဲသောင်စောင့်နတ်က သနား ပြီး ထွက်လာတာပေါ့..
သဲသောင်စောင့်နတ်ကနောက်ဆုံးအနေနဲ့ ဆု၃ ခုတောင်းခိုင်းတယ် မသေခင်ဘာဆုတောင်းချင်လဲလို့မေးသောအခါ
သူတောင်းတဲ့ဆု တွေ ကတော့
(၁ ) အသားမည်းလို့လူတွေက မောင်းထုတ်လိုက် တယ်..ဒါကြောင့် နောက်ဘ၀ကျရင် အသားဖြူဖြူလေးဖြစ်ပါစေ…
(၂ ) ဒီဘ၀မှာ ရေဆာလို့သေရတော့မယ် ..ဒါကြောင့် နောက်ဘ၀ကျရင် ရေတွေအရမ်းပေါ များတယ့်နေရာမှာ ဖြစ်ရပါစေ….
(၃) နောက် ဆုံးတစ်ခု အနေနဲု့ကတော့ ကောင်မလေးတွေကိုမြင်ရင် ဘောင်းဘီမပါပဲမြင်ရပါစေ။
ဆိုပြီး တောင်းလိုက်တယ်.....
အဲ့ဒီမှာ နတ်ကြီးကလည်း ပြည့် စေပေါ့ ….
အဲ့ဒီမှာ အဲ့ဒီလူလည်းသေရော ဆုတောင်းကချက်ချင်းပြည့်ပြီ ဒန် တန် တန်…………
…..
…….
မိန်းမအိမ်သာထဲ က “ အိမ်သာကြွေခွက် ” ကြီးဖြစ်သွားရောတယ့် ……
ဆုတောင်း မမှားကြနဲ့ကို့လူတို့ ……….


ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။

"ခင်ဗျားကို သတင်းသုံးခုပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့ သတင်း၊ နောက်တစ်ခုက ကောင်းတဲ့ သတင်း၊
အဲ နောက်ဆုံးတစ်ခုကတော့

အကောင်းဆုံးပဲ၊ မကောင်းတဲ့ သတင်းက စပြောမယ်၊

မဖြတ်ရမဲ့ ခင်များခြေထောက်ကို ကျွန်တော်တို့ မှားဖြတ်မိတယ်၊ ကောင်းတဲ့ သတင်းကတော့ ဖြတ်ရမယ့် ခြေထောက်ကို
ကျွန်တော်တို့ ထပဖြတ်ပေးမယ်….

အဲ့ ... အကောင်းဆုံး သတင်းကတော့ ဘေးခန်းက လူနာက ခင်းဗျားရဲ့ ရှူးဖိနပ်ကို သူဝယ်မယ်တဲ့ "



"သမီး အဲလိဇဘတ်…မနေ့ ကမင်း ဖေဖေ ပြန်လာတော့ မူးနေသေးလား"။

" မူးတော့ မူးမယ်မထင်ဘူး မေမေ ။ဒါပေမယ့် သူဘယ်သူလဲဆိုတာကို သိချင်တယ်ဆိုပြီးတော့ မှန်တော့ ယူခိုင်းတယ်။

ညတစ်ည သန်းခေင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိုးလာ၍ ယောက်ျားဖြစ်သူကို ရှာရာ
မီးဖိုချောင်ထဲ၌ ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့ လိုက်၇လေသည်။

ဇနီး ။ မောင်…ဘာဖြစ်လို့ ငိုနေတာလဲ
ကျား ။ တို့ တတွေ သမီးရည်းစားဘ၀ချိန်းတွေ တုန်းက မင်းအဖေကြီးနဲ့ မိသွားတော့ မင်းအဖေကြီးပြောတဲ့ စကားကို မင်းမှတ်မိသေးရဲ့ လား…။ မင်း ငါ့သမီးကို အတည်ယူမှာလား… မယူရင်တော့ ထောင်ထဲမှာ အနှစ်နှစ်ဆယ် သွားနေပေတော့ ဆိုတာလေ...
ဇနီး ။ မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို့ လဲ
ကျား ။ အေး….အဲဒီတုန်းက ထောင်သာကျခဲ့ ရင် ဒီနေ့ လွတ်ပြီ ..အီး ဟီးဟီးဟီး
........ ရွှတ်..


ရဲ ၀န်ထမ်း တယောက် သည် တပတ်လုံး ညဆိုင်း တာဝန်ကျ နေရာ က တရက်မှာ သူအလုပ်စော ပြီး တာနဲ. အိမ်ကို စောစောပြန်လာ ပါတယ်။ မနက် ၂ နာရီခါတိုင်းထက် ၄နာရီ စောပြီး ပြန်လာပါတယ်။
ရဲဝန်ထမ်း ဟာ သူ.မိန်းမ အိပ်နေတာ အိပ်ရေးပျက်မှာ ဆိုးသည်နှင်.မီးမဖွင်.အမှောင်ထဲမှာ တင် ယူနီဖောင်း အင်္ကျီ ကို ချွတ်ချလိုက်ပြီး ကိုယ်လုံး ဗလာဖြင်. ခုတင်ပေါ် တက်လိုက်ပါတယ်။ ဒီအခါမှာ သူ.မိန်းမ က
ကယောင်းကတန်းနှင်.


မိန်းမ -
"ယောင်္ကျား ရေ ဒီမှာ ခေါင်းကိုက်လိုသေတော.မယ် ။ ဟို ၂၄ နာရီဆေးဆိုင်က ခေါင်းကိုက်ပျောက်ဆေးလေး သွားဝယ်ပေးပါလား ဟင်"

ရဲဝန်ထမ်း -
"၀ယ်ပေးရမှာပေါ. မိန်းမရယ်၊ ခဏလေးစောင်.နော်"လို့ ဆိုပြီး ကမန်းကတန်း အင်္ကျီ ကောက်ဝတ်ပြီး ဆေးဆိုင်ကိုသွားပါတော့တယ်။
ဆေးဆိုင်ရောက်တော့ အရောင်းဝန်ထမ်းက အံ့သြပြီး

အရောင်းဝန်ထမ်း -
"ခင်ဗျား က ဟိုဘက်မြို့နယ် က ရဲမဟုတ်လား"

ရဲဝန်ထမ်း - "ဟုတ်တယ်လေ ဘာလို.လဲ"

အရောင်းဝန်ထမ်း -
"ဒါဆို ခင်ဗျား ဘာလို. မီးသတ်သမား ၀တ်စုံကြီး ၀တ်ထားရတာလဲ"

ရဲဝန်ထမ်း - "ဟေ"

မယား - ရှင် ကျွန်မဓါတ်ပုံ ကို နေ.တိုင်း ရုံးတက်တဲ့ အိတ်ထဲထည့် ထည့်ထားတယ်။ ဘာလို့လဲ။
လင် -ေ*မယားဓါတ်ပုံ*သြော် ဘယ်လောက် ကြီးမားတဲ့ အခက်ခဲ ကြုံရ ပါစေ။ မင်းဓါတ်ပုံကိုကြည့်လိုက်တာနဲ့ အားလုံးကို ကျော်လွှားနိုင်ခဲ့တယ်။
မယား - ကြည့်စမ်း၊ ကျွန်မ ဟာ ရှင့်အတွက် ဘယ်လောက်တောင် တန်ဖိုးရှိသလဲ နော်။
လင် - ဟုတ်ပါ့၊ မင်းဓါတ်ပုံကို ကြည့် ပြီး ငါ့ ကိုယ်ငါ ပြန်မေးကြည့်တယ်
"ဒီထက်ဆိုးတဲ့ အခက်အခဲ ဘာရှိနိုင်ဦးမှာလဲ" လို့


မယုံမရှိကြနဲ့ ။ ဆေးကျောင်းသားဆိုတဲ့ သူတွေဟာ အင်မတန့် ကို ရည်ရွယ်ချက်ကြီးပြီး… သူတို့ လိုချင်တဲ့ ပညာတစ်ခုရဖို့  ဆို ဘာမဆိုလုပ်ဝံ့တဲ့… ဇွဲလုံ့ လရှိတဲ့… သူတွေပါ။ ဒါကိုက သူတို့  ရဲ့ အားနည်းချက်လိို့ုရမလားပဲ…။

ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ့ ဆင်းရတဲ့ နေ့ တစ်နေ့ ပေါ့။ ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့မယ်ဆိုတော့ တအားကိုပဲ ပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို့ တစ်ဖွဲ့ သားလုံးရဲ့ ရှေ့  မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို့…။

အားလုံးလိုက်လုပ်ရမယ့် လက်တွေ့ သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက ကျောင်းသား အားလုံး သိရမယ့် ချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။

“ပထမ အချက်အနေနဲ့ … ... ... အဟမ်းအဟမ်း…”

ကျောင်းသာတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ့ကြည့်လိုက်ပြီးမှ လေးလေးပင်ပင်နဲ့ …

“ရင်ခွဲရုံမှာ... ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို့ မှာ... ရွံတတ်တဲ့စိတ်ရှိလို့  လုံးဝမဖြစ်ဘူး”

ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ့ ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ သူ့ လက်ကို မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး… သူ့ ရဲ့ လက်ကို ပြန်ထုတ်… ပါးစပ်နဲ့  စုပ်ပြလိုက်ပါ တော့တယ်။

“အီးးးးးးး”
“အူးးးးးးး”
“အိုးးးးးးး”

ကြည့်နေကြတဲ့ သူတွေအားလုံး လန့် ဖြန့် ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီက အာမေဋိတ်သံတွေ ထွက်လို့  မဆုံးခင်မှာတင်ပဲ ဆရာက …

“ကဲ... အားလုံးမြင်ပြီးကြတဲ့အတိုင်း... မင်းတို့  တွေ ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့... ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”

မယုံမရှိကြပါနဲ့ ။

‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။ စောစောတုန်းက 'ဟင်' ရယ် ' ဟယ်' ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ မသတီစရာ အပုတ်ကောင်ကြီးကို ဘယ်လိုမွှံရှာမနေနိုင်တော့ပါဘူး။

လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ ‘ပြွတ်’ ကနဲ မြည်အောင် စုပ်…။

ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။

အားလုံးလက်တွေ့ လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့ တစ်ချက်ကို ဆက်ပြီး ပို့ ချတာပေါ့။

“ဒုတိယအချက်ကတော့... ပိုပြီး အရေးပါတဲ့..အပြင်… အတွေ့ အကြုံ မရှိသေးသူများအဖို့ … လိုက်လုပ်ဖို့  အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က ဘာလဲဆိုတော့... မျက်စိလျင်လျင်ထားပြီး... စူးစမ်းလေ့လာတတ်ဖို့ ပါပဲ။”

“အခုနတုန်းက... ဆရာမင်းတို့ ရှေ့ မှာ နှိုက်ပြတဲ့ လက်က... လက်ခလယ်ဖြစ်ပြီး… ပါးစပ်ထဲကိုတော့... လက်ခလယ် မဟုတ်ဘဲ... လက်ညှိုးကို ထည့်ပြတာ ဖြစ်ပါတယ်။ ဆရာလိုက်ကြည့်ရသလောက်... ဒီအချက်ကို... ဘယ်ကျောင်းသားမှ... သတိမမူမိလိုက်ကြပါဘူး…”

“တိန်…”

သတင်း ထောက် တယောက် ဆောင်းပါး ရေးရန် လမ်းပြ နှင့် အတူ လူ သားစား လူရိုင်း များ နေထိုင် ရာ ဒေသ ကို ရောက်လာ သည်၊၊
လမ်းပြ က ပြောလိုက် သည်။ “ရှေ့မှာ ထမင်း ဆိုင် ရှိတယ်။ ထူးထူး ဆန်းဆန်း ဟင်း တွေ ရ တတ်တယ်၊”

သတင်းထောက်ဆိုင်ထဲဝင်လိုက်သည်၊ ကောင်တာရှေ့တွင် ကြော်ညာသင်ပုန်းတချပ် ထောင်ထားသည်။

ယနေ့အထူးဟင်းလျာ

ဦးနှောက်ဟင်းများ

ဆရာဝန်ဦးနှောက် ၅၀ သား -------------------၅၀၀၀ ကျပ်

ရှေ့နေဦးနှောက် ၅၀ သား ---------------------၆၀၀၀ ကျပ်

ကျောင်းဆရာဦးနှောက် ၅၀ သား --------------၇၀၀၀ ကျပ်

ကြံ့ဖွံ့ဦးနှောက် ၅၀ သား-----------------------၄၀၀၀၀ ကျပ်

သတင်းထောက်က တအံ့တသြမေးမိသည်။ “ကြံ့ဖွံ့ဦးနှောက်က တော်တော်စားကောင်းသလား။”

မြန်မာစကားတတ်သော ဆိုင်ရှင်က ၀င်ဖြေလိုက်သည်။

“မဟုတ်ပါဘူး၊ ၅၀ သားပြည့်ဖို့ ကြံ့ဖွံ့တွေ အများကြီး သတ်ရလို့ပါ၊”

အပျိုကြီး မနှင်းမေတယောက် သူငယ်ချင်းရှိရာ ရွာသို့ အလည်သွားသည်။

ညပိုင်း မအိပ်ခင် ခြေလက်ဆေးသည့် အကျင့်က ဖျောက်မရ။

အိမ်နောက်ဖေး ရေတွင်းအနီး ခြေလက်ဆေးရင်း ရေတွင်းထဲချော်ကျသည်။

မနှင်းမေ၏ အလန့်တကြား အော်သံကြောင့် အိမ်သားများ ပြေးထွက်လာသည်။

ရေတွင်းကသိပ်မမြင့်လှသဖြင့်လက်တကမ်းလှမ်းဆွဲ၍မီနိုင်သည်။အိမ်သားများတယောက်ပြီးတယောက် မနှင်းမေ အား ဆွဲတင်ရန် ကြိုးစားကြသည်။

“လက်ပေးလိုက်။ လက်ပေးလိုက်၊” သို့သော် မနှင်းမေကား လက်မကမ်း၊ ဒီအတိုင်းဆို ရေတိမ်နစ်တော့မည်။

ဘကြီးဖြိုးလည်း ရောက်လာသည်။ အခြေအနေကို အကဲခတ်သည်၊ ထို့နောက် အနီးနားရှိ လူများကို လှမ်းပြောလိုက်သည်။

“ကဲ။ အားလုံးဖယ်။ အားလုံးဖယ်၊” ထို့နောက် ဘကြီးဖြိုးက မနှင်းမေအား တစုံတရာ လှမ်းပြောလိုက်သည်၊

ဒီတော့မှပဲ မနှင်းမေ လက်ပေါ်လာကာ လှမ်းဆွဲလိုက်သဖြင့် ရေနစ်သည့်ဘေးမှ လွတ် တော့သည်။

ဘကြီးဖြိုးပြောလိုက်တာကတော့ -

“ရော့ရော့ ငါ့တူမ ဘကြီးလက်ကိုယူလိုက်။ ဘကြီးလက်ကို ယူလိုက်၊” ဖြစ်ပါသတည်း။

ကိုစိုးပိုင်သည် အင်းစိန်မှ ဘတ်စကားစီး လာလေသည်

လမ်းတွင် ကိုယ်ကာယခပ်တောင့်တောင့်နှင့် လူတယောက်တက်လာ၏။

ထိုင်ခုံများမှာ ပြည့်နေပီဖြစ်သူထိုင်ခုံဘေးတွင် မတ်တပ်ရပ်လျှက် လိုက်ပါလာသည်

လမ်းခရီးတွင် ထိုလူက ကိုစိုးပိုင်ကို မေးသည်

ညီညီညီလေး - - လှည်း - လှည်း - တန်း - ကို - - - ဆင်း - - - ဆင်း - - ရင် ဘယ် -ဘယ်မှာ ဆင်း - - ဆင်းရ - - မှာလဲ

ကိုစိုးပိုင်က စကားထစ်သော ထိုလူ အမေးကို ပြန်လည် အဖြေမပေးချေ

သိုနှင့်ထိုသူက ထပ်မေးပြန်လေ၏။

ကိုစိုးပိုင်ကလည်းမဖြေ

ထိုလူဆင်းရမည့်မှတ်တိုင်လွန်လာသောအခါမှ ဘေးက လူတယောက်က မနေနိုင်ထိုလူကို တမှတ်တိုင်လွန် လာကာင်းပြောလေသည်

ထို ဗလကောင်းကောင်းလူက ကိုစိုးပိုင်အား ဘုကည့်ကည့်ဆင်းသွားလေသည်

ထိုအခါ ကားပေါ်ပါလာသူများက ကိုစိုးပိုင်အား ၀ိုင်းအပြစ်တင်ကလေသည်

မင်းက ဒါလေးမေးတာကို ဘာလို ပြန်မဖြေရတာလဲကွ

ထိုအခါ ကိုစိုးပိုင်က ယခုလို ပြန်ဖြေလေသည်

ကျ - ကျ နော် - ပြန်- ပြန်ဖြေ - - ရင် - - သူ- သူက - - ထိုး - - - ထိုး - - ထိုး - မှာ- ပေါ့ -ဗျ - -



စာပိုသမား ကိုလှရေသည် ကျေးရွာတရွာသို သွားရောက် စာပေးပိုလေ၏။

စာလက်ခံသူ အဖွားအိုက စာမဖတ်တတ်

ဘယ်သူထံမှလာ ဘယ်လောက် အရေးကီးသည်ကို သိချင်လှသည်

ထိုကာင့် အဖွားအိုက သူကို စာဖတ်ပြပါရန် တောင်းပန်၏။

သိုနှင့် ကိုလှရေက စာဖတ်ပြရသည်

စာလုံးများမှာသေးငယ်လွန်းပီး လက်ရေးမှာ ပဲပင်ပေါက်များကဲ့သို အဖတ်ရခက်လှသည်

ထို လက်ရေးမသေမသပ်နှင့် အဖတ်ရခက်သောစာကို ကိုလှရွှေကြိုးစားဖြေးဖြေး ဖတ်ပြသည်

အ - အ - အမေ - ကျ - ကျနော် စာ - စာရေး - - လိုက်ပါတယ် ကျ - - ကျနော် - -

ကိုလှရွှေ၏စာ ဖတ်မဆုံးသေး အဖွားအိုက ဘယ်သဆီကလာတဲ့စာဆိုသည်ကို ချက်ချင်း သိလိုက်လေ၏။

သိပီ - သိပီ ဒါ ငါ့သား အငယ်ဆုံးကောင် ဆီက လာတဲ့စာ ဒီကောင်က ငယ်ကတည်းက စကားထစ်တာ

လာမကြောနဲ့ နာ ဘာမှတိဘူး

ကောင်းကင်ဘုံတခါးဝတွင် ရောက်လာသူများကို ကောင်းကင်တမန်မှ စစ်ဆေးနေသည်။

ပထမလူ ကျွန်တော်အိုင်စတိုင်းပါ ဝင်ခွင့်ပြုပါ၊

တမန် - အိုင်စတိုင်းဖြစ်ကြောင်း သက်သေပြပါ။

ပထမလူသည် အိုင်စတိုင်း၏ သီအိုရီများကို ရှင်းပြလေသည်။ ထို့အခါ

တမန်-ကောင်းပြီ ငါလက်ခံပါပြီ ၊ ဝင်ပါလေ။

ဒုတိယလူ - ကျွန်တော် ပီကာဆိုပါ

တမန် - ကောင်းပြီ ၊သက်သပြပါ၊

ဒုတိယလူသည် လှပသောပန်းချီကား တစ်ချပ်ကို လျှင်မြန်စွာရေးဆွဲပြလေသည်။

တမန် - ဟုတ်ပါပြီ ငါယုံကြည်ပါသည်၊ ဝင်ပါလေ။

တတိယလူ - ကျွန်တော် ဂျော့ဒဘလူဘုခ်ျပါ

တမန် - အင်း အိုင်စတိုင်းနဲ့ ပီကာဆို ကတော့ သက်သေ ကောင်းကောင်းပြနိုင်ခဲ့တယ်၊ သင်လည်းပြပါ၊

တတိယလူ - (အတန်ငယ် စိတ်ရှုပ်ထွေးဟန်ဖြင့် စဉ်းစားပြီးနောက်) ၊သူတို့က ဘယ်သူတွေလည်းဗျာ၊

တမန် - ဟာ--ကောင်းပြီ ဂျော့ ငါယုံကြည်ပါပြီ၊ သူတို့အထဲမှာရှိတယ်၊ ဝင်ပါလေ။


ကားအနီကြီးသာမောင်းလာခဲ့ပါ.....

..........

မီးသတ်ဌာနသို့ အရေးပေါ် တယ်လီဖုန်းဝင်လာသဖြင့် တာဝန်ကျ အရာရှိတစ်ဦးက ဖုန်းနား
ထောင်လေသည်။
အရာရှိ ။ ။ အမိန့်ရှိပါခင်ဗျ။
ဖုန်းဆက်သူ ။ ။ ဆရာ မြန်မြန်လေးလာခဲ့ပါ။ ဒီမှာမီးလောင်နေလို့။
အရာရှိ ။ ။ ဟုတ်လား............ ဘယ်နေရာလဲ၊ နေရာ ပြောပါ။
ဖုန်းဆက်သူ ။ ။ စိတ်တွေလှုပ်ရှားလွန်းလို့ နေရာကိုတောင် ဘယ်လိုပြောရမလဲ မသိတော့ဘူး။
အရာရှိ ။ ။ ဒါဆိုကျွန်တော်ဘယ်လိုလာရမလဲ။
ဖုန်းဆက်သူ ။ ။ ကားအနီကြီးသာမောင်းလာခဲ့ပါဗျာ။
အရာရှိ ။ ။ ဗျာ.............



"ဒါလင်ရေ။ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးဆိုတာ အမှန်ဘဲနော်။
ဒါလင်ရဲ့တတိယဇနီးနဲ့ ကျွန်မရဲ့ ဒုတိယ ယောက်ျားတို့ဟာ ဒါလင် ဒုတိယဇနီးနဲ့ ကျွန်မ ပထမယောက်ျားပိုင် ပင်လယ်ကမ်းစပ်က တိုက်အိမ်မှာ သူတို့ရဲ့ ပျားရည်ဆမ်းခရီးကို ကုန်လွန်ခဲ့တယ်ဆိုဘဲ"



သမီးရည်စားနှစ်ယောက် ခိုးပြေးကြသည်။
ခရီးတွင်စေရန် တက္ကစီတစ်စီ:ငှားကာ ကောင်လေး သူငယ်ချင်းအိမ်သို့ သွားကြသည်။
အိမ်ရောက်သောအခါ ကောင်လေးက တက္ကစီသမားအား ပိုက်ဆံထုတ်ပေးမည် အလုပ်တွင်........

တက္ကစီသမားက

"မပေးပါနဲ့တော့။ သတို့သမီးအဖေက ကျွန်တော့်ကို ပေးပြီးပါပြီ။"

"အန်ကယ့်သမီး ကျွန်တော့်ကို လက်ထပ်ဖို့ သဘောတူလိုက်ပြီ ခင်ဗျ။"

ထိုအခါ အဖိုးကြီးက

"အဲဒါကတော့ မည်သူမပြု မိမိမှုပဲ၊ မောင်ရင်သာ အန်ကယ်တို့အိမ်ကို ညနေတိုင်း

မလာခဲ့ဘူးဆိုရင် ဒီလိုဖြစ်လာစရာ အကြောင်းမရှိဘူး"



အရက်ဆိုင်ပိုင်ရှင်ကို ဧည့်သည်က ပြောသည်

"ခင်ဗျားတို့ဆိုင်က တစ်နေ့တစ်နေ့မှာ စည်ဘီယာ ဘယ်နှစ်လီတာ ရောင်းရသလဲ"

"လီတာ ၂၀၀ လောက်ပါ"

"တစ်နေ့ကို လီတာ ၃၀၀ လောက် မရောင်းရချင်ဘူးလား"

"ရောင်းချင်တာပေါ့ဗျာ. နည်းရှိရင် မစပါလား"

"ဖန်ခွက်ထဲကို ဘီယာ အပြည့်ထည့်"

အမေရိကရှိ ဂျွန်၊ ဂျော့၊ မိုက် ဟူသော ခွဲစိတ်ဆရာဝန် သုံးဦးစကား လက်ဆုံကျနေသည်။

ဂျွန် - အမေရိကမှာ ငါက အတော်ဆုံး ခွဲစိတ်ဆရာဝန်ကွ။

ဂျော့နှင့်မိုက် - မင်းက ဘာတွေစွမ်း ဆောင်ခဲ့လို့လဲ ၊ လင်း စမ်းပါအုံး။

ဂျွန်- လက်ချောင်း (၇)ချောင်း ပြတ်သွားတဲ့ လူတစ်ယောက်ကို ငါလက်ချောင်းတွေ ပြန်ဆက်ပေးဘူးတယ်၊
ငါဆက်တာ ကောင်းမကောင်းတော့မသိဘူး အခုသူ ကမ္ဘာကျော်
စန္ဒယား ပညာရှင်ဖြစ်နေပြီ။

ဂျော့ - မင်းဟာက ဘာဟုတ်သေးလဲကွာ ။ ငါခြေနှစ်ဘက် ပြတ်သွားတဲ့ လူတစ်ယောက်ကို ခြေထောက် ပြန်ဆက်ပေးခဲ့တယ်၊ ၂နှစ် လောက်လဲကြာရော အဲဒီ့လူက ဧဝရတ်တောင်ကို တတ်နိုင်သွားပြီကွ။

မိုက် - (အားငယ်စိတ်ပျက်သည့်လေသံဖြင့်)၊
အင်း မင်းတို့တွေ
တော်ကြပါတယ်ကွာ။ လွန်ခဲ့တဲ့ (၃) နှစ် လောက်က မြင်းစီးလာတဲ့ ဂျော်ကီတစ်ယောက် အရှိန်ပြင်းတဲ့ကားနဲ့ တိုက်မိတာ လူကော မြင်းကော ခေါင်းတွေ ပွင့်ကုန်တယ်၊ ဦးနှောက်တွေကို ဖွေးလို့ ။ အဲ့ဒီ့လူရဲ့ ခေါင်းကို ငါ ပြန်ဆက်ပေးနိုင်ခဲ့တယ်၊ ဒါပေမယ့် ...

ဂျော့နဲ့ဂျွန်- ဟာတော်လှချီလား၊ ဒါပေမယ့် ဘာဖြစ်လို့လဲဟ။

မိုက် - အရေးတကြီး နဲ့ဆိုတော့ မြင်းဦးနှောက် နဲ့ သူ့ဦးနှောက် လွဲပြီး ထည့်ပေးလိုက်မိတယ်။

ဂျော့နဲ့ဂျွန် - အမယ်လေး ဒုက္ခပဲ ဒီလူ အခု အခြေအနေ ကောင်းရဲ့ လား။ သူဘယ်မှာလဲ။

မိုက် -
ကောင်းမကောင်းတော့ မသိဘူးကွာ ။ အခုတော့ အမေရိကန် သမ္မတ ဖြစ်နေလေရဲ့.........

ရုပ်ပြ ဟာသ

ဟာသစုစည်းမူ

ကျွှန်တော့ မိတ်ဆွေတွေ ဝေမျှသွားတာတွေကို စုစည်းတင်ပြခြင်းသာ ဖြစ်ပါတယ် . ...
ကိုယ်ပိုင်ရေးသားခြင်းမျိုး မဟုတ်ပါ...
အားလုံးသော စာဖတ်သူများအား ပျော်ရွှင်စေခြင်းသာ ရည်ညွှန်းပါသည်

ရုပ်ပြ ဟာသများ